ဝါတွင်းကာလလေးမှာ သတ်သတ်လွတ်လေးတွေ စားဖို့အတွက် ဒီနေ့တော့ ပဲလိပ်ချောင်းလေးတွေကို ရေစိမ်ပြီး သတ်သတ်လွတ် ဟင်းလေးတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပဲလိပ်ချောင်း - ဆယ်ချောင်းခန့်
- ကြွက်နားရွက်မှို - ဆယ်ခု
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
- ပဲလိပ်ချောင်းများကို ရေမြုပ်အောင်ထည့်ပြီး လေးနာရီလောက် စိမ်ထားပါ
- ပဲလိပ်များ ရေဝလာပါက ခပ်ပါးပါးလေးတွေ ညှပ်ထားပါ
- ကြွက်နားရွက်မှိုကိုလဲ ရေမြုပ်အောင်ထည့်ပြီး လေးနာရီလောပ် စိမ်ထားပါ
- ကြွက်နားရွက်မှိုများ ပျော့လာပါက ရေစင်အောင်ဆေးပြီး ခပ်ပါးပါးလေးဆွေ ညှပ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- အိုးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွန်ဖြူများ နွမ်းလာပါ ပဲလိပ်နှင့်ကြွက်နားရွက်မှိုတို့ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ ပဲငံပြာရည်အကြည်နှင့် ပဲငံပြာရည် အနောက်တို့ ထည့်မွှေပေးပါ
- အရသာ သမလောက်တာနဲ့ ပဲလိပ်များကို ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
- အိုးထဲမှ ရေများ ခမ်းလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ပဲပြား ကြွက်နားရွက်မှိုကြော် စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment