ဒီနေ့တော့ သျှားဖြူသီးလေးတွေ ဝယ်လာပြီး ထမင်းစားလို့ အရမ်းကို မြိန်စေတဲ့ ပုဇွန်ငပိနဲ့ ချဉ်ငံစပ်လေး ထောင်းဖြစ်သွားပါတယ် ထမင်းစားလို့ အရမ်း မြိန်စေတဲ့အတွက် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ဒီအသီးလေးတွေရဲ ့ နံမည်ကို မာမာသိထားတာကတော့ သျှားဖြူသီးလို့ဘဲ သိထားပါတယ် တစ်ချို့ကတော့ တရုတ်ဇီးဖြူသီး တောင်ဇီးဖြူသီး တောဇီးဖြူသီး သင်္ဘော ဇီးဖြူသီးဆိုပြီး တနေရာနဲ့တနေရာ အခေါ်အဝေါ်တွေ မတူကြတဲ့အတွက် မိမိသိထားသော နံမည်များ အစားထိုးပြီး ဖတ်ပေးကြစေချင်ပါတယ်။
ပါ၀င်ပစ္စည်းများ
- သျှားဖြူသီး - အလုံး ၄၀ခန့်
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၄ဇွန်း
- ပုဇွန်ခြောက် - အကောင်ကြီးကြီး အကောင် ၂၀ခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ငရုတ်သီးအလှော်မှုန့် - စားနိူင်သလောက်
ပြင်ဆင်ပုံ
- သျှားဖြူသီးကို ရေစင်အောင် ဆေးပြီး အထဲမွ အစေ့များကို ထုတ်ပေးပါ
- ပုဇြန္ငပိ ကြွေပန်းကန် (သို့) ကြွေဇွန်းမှာ ကပ်ပေးပြီး မိုက်ထဲခရိုဝေ့ထဲမှာ စက္ကန့်၃၀ဆီ ၂ခါကင်ပေးပါ
- မိုက်ခရိုဝေ့ မရှိပါက မီးဖိုပေါ်မှာ ဒယ်အိုးခပ်သေးသေး တစ်လုံးထဲ ပုဇွန်ငါးပိကိုထည့်ပြီး ကင်ပေးပါ
- အပေါ်ယံ တင်းလာပါက နောက်တဖက်ကို လှန်ပြီး ဆက်ကင်ပေးပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ပုဇွန်ခြောက်ကို ညက်နေအောင် ထောင်းပေးထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ အရင်ဆုံး ကြက်သွန်ဖြူကို မညက်တညက် ထောင်းပေးပါ
- ပြီးတာနဲ့ သျှားဖြူသီးကိုထည့်ပြီး ထောင်းပေးပါ
- အားလုံး လေးစိတ်ကွဲ အေနအထား ရတာနဲ့ပုဇွန်ခြောက်မှုန့် ပုဇွန်ငပိကင်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ထည့်ထောင်းပါ
- သျှားဖြူသီး ငပိထောင်း ညက်သွားတာနဲ့ ချဉ်ငံစပ် သျှားဖြူသီး ပုဇွန်ငပိထောင်းကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
သရက်သီးအစိမ်းသနပ်နဲ့ သျှားဖြူသီး ငပိထောင်းလေး 'မ' သွားတယ် မာမာရေ။
ReplyDeleteအမြဲတန်း ဘလော့လေးကို ရှင်သန်စေတာ ချီးကျူးပါတယ်။
ကျေးဇူးအများကြီး တင်ပါတယ် တီတင့်ရေ
Delete