Thursday 22 August 2019

ဆွမ်းမွှေးကောက်ညှင်းပေါင်း






















ဒီနေ့တော့ ကော်ဖီပူပူလေးနဲ့ စားရလေအောင် ကောက်ညှင်းပေါင်ကိုး ဆွမ်းမွှေးရည် အုန်းနို့ သကြားတို့နဲ့ ပြန်နှပ်လေး လုပ်စားဖြစ်လို့ မာမာပြင်ဆင်တဲ့ နည်းလေး မျှဝေပေးလိုက်ပါတယ်။

ဆွမ်းမွှေးရည်နဲ့ ပြန်နှပ်ပြီး ဆွမ်းမေအးရွက်နဲ့ ပြန်ထုတ်ထားတဲ့အထိ မွှေးပြီး စိမ့်နေအောင်ကို ကောင်းလွန်းလှပါတယ် အချိုကိုလဲ မာမာကတော့ အနေတော်အချိုအရသာလေးဘဲ ထည့်ထားတဲ့အတွက် အချိုကြိုက်ရင်တော့ ပိုပြီးထည့်ပေးစေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. ကောက်ညှင်းဆန် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  2. ရေ 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  3. သကြား - 1/2 cup ( မုန့်လုပ်ရာတွင် ချဉ်သောခွက်) အချိုကြိုက်ပါက ပိုထည့်ပါ
  4. Coconut cream - 1 cup
  5. ဆွမ်းမွှေးရွက် - 600 ml (ပိုင်းဖြတ်ပြီးသား)
  6. ရေ - 300 ml (ဆွမ်းမွှေးရွက်ကြိတ်ရန် )
  7. ဆွမ်းမွှေးရည် - 2/8 cup
  8. ဆွမ်းမွှေးရွက် - ၉ရွက်
  9. သွားထိုးဒုတ်တံ - လိုသလောက်သုံးပါ
  10. နှမ်းလှော်ပြီးသား - မိမိနှစ်သက်သလောက်
ဆွမ်းမွှေးရည်ကြိတ်ရန်
  • ဆွမ်းမွှေးရွက်ကို အနေတော်လေးတွေ ပိုင်းပေးပါ
  • အသီးအရွက်ကြိတ်သော ဗလင်ဒါထဲမှာ အရွက်များနှင့် ရေကိုထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • အရွက်များ ညက်သွားတာနဲ့ ဇလုံတလုံးပေါ်မှာ ပိတ်ပါးစလေး ခွံပေးပါ သွန်ချပေးပါ
  • ပိတ်ပါးစလေးကို ထိပ်ဖက်မှ စုစီးကာ အသာလေး မယူပြီး အရည်များ ညှစ်ယူပေးကာ အဖတ်များကို သွန်ပလိုက်ပါ
  • ဆွမ်းမွှေးရည်ကို လိုသလောက် သုံးပေးပြီး ပိုတာကို ရေခဲသေတ္တာထဲမှာ ခဲထားပါ။
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ပေါင်းခံဇကာထဲ ထည့်ပေးပါ
  • ပေါင်းအိုးအောက်ခံအိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှ လေကို ကုန်အောင်ထုတ်ပြီးမှ အဖုံးဖွင့်ပေးပါ
  • ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ရေစစ်ထားပါ
  • သွားကြားထိုးဒုတ်ကို ထက်ဝက်ပိုင်းပေးထားပါ
  • ပြီးတာနဲ့ ဆွမ်းမွှေးရွက်ကို အဝိုင်းလေးကွင်းပြီး ထိပ်နှစ်ဖက်ကို ထပ်ပေးကာ သွားထိုးဒုတ်လေးနှင့် ထိုးပေးပါ
  • ပါ၀င်ပစ္စည်းများဖြစ်သော နှမ်းလှော် သကြား အုန်းနို့ ဆွမ်းမွှေးရေတို့ကို ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အောက်ချေမကပ်သော အိုးထဲမှာ ပေါင်းထားသော ကောက်ညှင်း သကြား အုန်းနို့နှင့် ဆွမ်းမွှေးရည်တို့ကို ထည့်မွှေပေးပါ
  • အုန်းနို့ရည်များ ခမ်းလာပြီး မွှေးလာပါက မီးပိတ်ပေးပါ
  • ဆွမ်းမွှေးရွက်အနံ့လေးနှင့် အုန်းနို့အနံ့လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်နှပ်လေးများကို ဆွမ်းမွှေးရွက်ထဲသို့ ထည့်ပေးပါ
  • ပြီးတာနဲ့ နှမ်းလှော်များကို မိမိနှစ်သက်သလောက် ကောက်ညှင်းပြန်နှပ် ပူပူလေး ပေါ်မှာ ဖြူးပေးပါ
  • ဆွမ်းမွှေးရွက်နံ့လေးနဲ့ အုန်းနို့နံ့လေး သင်းနေတဲ့ ကောက်ညှင်းဆွမ်းမွှေး အုန်းနို့ပြန်နှပ် မွှေးမွှေးလေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment