Sunday 26 August 2018

အကြော်စုံ











ဒီနေ့တော့ ဝါတွင်းကာလ သတ်သတ်လွတ်လေးတွေ စားလို့ရအောင် အသီးအရွက်လေးတွေ ကြော်ပြီး ငါးပေါင်းကြော်လေးပါ ကြော်ဖြစ်လို့ အကြော်စုံ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

အာလူး  -  အနေတော် ၂လုံး
ကြာစွယ် - လှီးပြီးသား ၁၃ခု
သရော့ကိုလီ - လှီးပြီးသား ၈ခု
ငါးအသားချောင်း - လှီးပြီးသား ၄ခု
တန်ပူရာမှုန့် - 150 g တစ်ထုတ်
ရေ - လိုသလောက် သုံးပါ
ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က် 
ဆီ - လိုသလောက်

ကြော်ဖို့ပြင်ရန်
ဇလုံတလုံးထဲမှာ တန်ပူရာမှုန့်  ဆား အချိုမှုန့်တို့ကိုရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
အာလူးကိုအခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း အကွင်းလိုက် လှီးပေးထားပါ
ဘရော့ကိုလီကို ရေဆေးပြီး ပုံပါအတိုင်း လှီးပေးထားပါ
ကြာစွယ်ကို ပြင်ထားပါ
အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ အာလူး ဘရော့ကိုလီနှင့် ကြာစွယ်ကို နှစ်ပေးပါ
သတ်သတ်လွတ် စားချင်သူများ သတ်သတ်လွတ်စားရအောင် အသီးအရွက်များကို အရင်ကြော်ပေးပါ
ဆီကို မီးအပူပေးပြီး ဆီပူပြီး ဆီကျက်လာပါက အာလူး ကြာစွယ်နှင့် ဘရော့ကိုလီတို့ကို မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ တစ်ဖက်ရွှေဝါရောင်သန်းလာပါက တဖက်ကိုလှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ
နောက်ဆုံးကြမှ ငါးအသားချောင်းကို မုန့်နှစ်လူးပြီး ကြော်ပေးပါ
တစ်ဖက်ကျက်ပါက နောက်တစ်ဖက်ကို လှန်ပေးပါ
နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ
ဆီစစ်သွားပါက ငါးပေါင်းကြော်နှင့် အသီးအရွက်ကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

No comments:

Post a Comment