Thursday 30 August 2018

တရုတ်ဇီးယို


ဇီးသီးခြောက်

ရေစိမ်ထားသော ဇီးသီးခြောက်

မိနစ်၂၀ခန့် ပေါင်းပေးပါ

ပေါင်းပြီးသားဇီးသီးနှင့် ပါဝင်ပစ္စည်းများ

ဖာလာစေ့ လေးညှင်း နာနတ်ပွင့် သစ်ဂျပိုးခေါက်

ငရုတ်သီးလုံးခြမ်းကွဲ

ဇီယာစေ့

ထန်းလျှက်ရည်

ဇီးယို

အေးရှန်းဆိုင်က အစေ့ထုတ်ပြီးသား ဇီးသီးအခြောက်လေးတွေ ဝယ်ထားတာ ကြာနေပြီဆိုတော့ ဇီးယိုလေးထိုးရင် ကောင်းမယ်ဆိုပြီး လိုတာလေးတွေ ပြင်ဆင်ကာ ချိုချဉ်စပ်နေတဲ့ ဇီးယိုလေး ထိုးဖြစ်တဲ့အတွက် ယိုထိုးနည်းလေး ထပ်မံပြီး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. တရုတ်ဇီးသီးခြောက် - 300 g
  2. ထန်းလျှက်ခဲ - 200 g
  3. ငရုတ်သီးအကြမ်းမှုန့် - လက်ဖက်ရည်ဇွန်းမောက်မောက် ၂ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. လေးညှင်း - ၄ပွင့်
  6. သစ်ဂျပိုးခေါက် - ၂လက်မခန့်
  7. ဖာလာ - ၄စေ့
  8. နာနတ်ပွင့် -၂ပွင့်
  9. ဇီယာစေ့ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ

  1. တရုတ်ဇီးသီးခြောက်ကို ရေတနာရီလောက်စိမ်ထားပြီး အသီးများ ပျော့လာပါက ရေစစ်ထားပါ
  2. ရေစစ်သွားပါက ပေါင်းဇကာထဲကို ထည့်ပေးပါ
  3. ပေါင်းအိုးအောက်ခံအိုးကို ရေတဝက်သာသာ ဖြည့်ပြီး ဆူအောင်တည်ပေးကာ ပေါင်းဇကာကိုတင်ကာ မိနစ်၂၀လောက် ပေါင်းပေးပါ
  4. ထန်းလျှက်ခဲကို ရေမြုပ်အောင်ထည့်ပြီး ခပ်ကျဲကျဲ ကျိုပေးပါ
  5. ထန်းလျှက်ခဲများ ပျော်လာတာနဲ့ ထန်းလျှက်ရည်ထဲမှ  အမှိုက်များကို အဝတ်ပါးနှင့်စစ်ပြီး ထန်းလျှက်ရည်ကို ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲပြန်ထည့်ပေးပါ
  6. ထန်းလျှက်ရည်ထဲသို့ ငရုတ်သီးမှုန့် ဆား သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ စမုံစပါး ဇီးသီးတို့ထည့်မွှေပေးပြီး ရေခမ်းအောင် မီးအေးအေးနှင့်မွှေပေးပါ
  7. ရေခမ်းပြီး ထန်းလျှက်ရည်ပေါက်စေ့ကျလာပါက မီးပိတ်ပြီး အအေးခံထားပါ
  8. ပြီးတာနဲ့ တရုတ်ဇီးယိုချိုချဉ်စပ်မွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment