Friday 24 August 2018

နှစ်တစ်ရာပဲနှပ်









ဝါတွင်းကာလ သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် နှစ်တစ်ရာပဲနှပ် နှပ်နည်းလေး မျှဝေလိုက်ပါတယ် မာမာချက်တဲ့ နှစ်တစ်ရာပဲက အခွံခွာပြီး ပြုပ်ပြီးသား ဖြစ်နေတဲ့အတွက် သိပ်ပြီးတော့ လက်မဝင်လှပါဘူး။

အဆင်သင့် မဟုတ်တဲ့ ပဲဆိုရင်တော့ အခွံခွာပြီးမှ နူးနေအောင် ပြုပ်ပေးရပါတယ် ပြီးတော့ခါးသက်သက် အရသာကုန်အောင် ၂ရည်လောက် ပြုပ်ပေးပြီးမှ ဟဟ်းချက်ရပါတယ် ဒါောကာင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. နှစ်တစ်ရာပဲ 250 g - တစ်ထုတ်
  2. ကြက်သွန်နီ - အလုံးကြီးကြီး တစ်လုံး
  3. ဆီ - ထမင်းစားဇွန်း ၅ဇွန်း
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  7. ပဲငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • ခဲထားသော နှစ်စ်တစ်ရာပဲကို မချက်ခင် ၂နာရီလောက် ကြိုပြီးထုတ်ထားပါ ဖျော်ထားပါ
  • နှစ်တစ်ရာပဲကို ရေများများထည့်ပြီး ပြုပ်ပေးထားပါ
  • ပဲကနူးပြီးသား ဖြစ်တဲ့အတွက် ၅မိနစ်လောက်ဘဲ ပြုပ်ပေးပြီး ရေများသွန်ကာ အအေးခံထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ပါးပါးလှီးထားပါ
  • ပဲငံပြာရည် ဆား ဆီ အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကို ပြင်ထားပါ
  • ဆီကို အပူပေးပြီး ဆီပူလာပါက နနွင်းအနည်းငယ် ထည့်ပေးပါ
  • ဆီအငွေ့တက်လာတာနဲ့ ကြက်သွန်နီကို ပျော့လာတဲ့အထိ ကြော်ပေးပါ
  • ထိုကြက်သွန်ကြော်ထားသော ဆီထဲမှာ ပဲကို တမိနစ်လောက် ထည့်ကြော်ပေးပါ
  • ပြီးထာနဲ့ပဲအိုးထဲကို ပဲရေမြုပ်အောင်ထည့်ပြီး ဆားနှင့် အရသာမှုန့်တို့ ထည့်ပြီးတည်ပေးပါ 
  • ပဲအိုးရေမခမ်းခင် ပဲငံပြာရည်ထည့်ပြီး ရေခမ်းအောင် ဆက်တည်ပေးပါ
  • ပဲအိုးရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • ရေခမ်းတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ကာ နှစ်တစ်ရာပဲနှပ် စိမ့်စိမ့်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment