Wednesday 4 October 2017

သရက်သီးစိမ်း မြေပဲထောင်း



ဒီရာသီဆို သရက်သီးစိမ်းလေးတွေ ပေါ်လာပါပြီ ဒါောကာင့်မို့လို့ သရက်သီးစိမ်းလေးတွေကို မျိုးစုံအောင် လုပ်စားရင်း ဒီနေ့တော့ သရက်သီးစိမ်းကို မြေပဲလှော်နဲ့ အစိမ့်လေး ထောင်းပြီး ထမင်းမြိန်မြိန် စားရလေအောင် မာမာပြင်ဆင်ထားတဲ့ ပဲဆီစိမ်းနဲ့ စိမ်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်​ပစ္စည်းများ

  1. သရက်သီးစိမ်း - ခပ်ကြီးကြီး တစ်လုံး
  2. ပုဇွန်ငပိ - ထမင်းစားဇွန်း ၃ဇွန်း
  3. မြေပဲလှော် - ထမင်းစားဇွန်း၎ ဇွန်း
  4. ငရုတ်သီးလုံးကြမ်းခွဲ အကျက်မှုန့် - အစပ်စားနိုင်သလောက်
  5. အရသာမှုန်. -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
  7. မြေပဲဆီစိမ်း - သရက်သီးထောင်း မြုပ်အောင်စိမ်ပေးပါ


ပြင်​ဆင်​ပုံ

  • သရက်သီးစိမ်းကို အရင်​ဆုံး အညှာဘက်မှလှီးကာ ရေတနာရီလောက် စိမ်ထားပေးပါ
  • ရေစိမ်ပြီး အစေးများကုန်လောက်ပြီဆိုရင် အခွံခွာပြီး ခပ်သေးသေး အတုံးလေးတွေ လှီးထားပေးပါ
  • မြေပဲလှော်ကို အခွံချွတ်ကာ မညက်တညက် ထောင်းထားပေးပါ
  •  ပုဇွန်ငပိကို ကင်ထားပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ကြီးကြီးထဲမှာ  မြေပဲကို အရင်ဆုံး မညက်တညက် ​ထောင်း​ပေးပါ
  • ပြီးတာနဲ့ သရက်သီးကို ထည့်ပြီးထောင်းပေးပါ
  • သရက်သီးနဲ့ မြေပဲ သမသွားတာနဲ့ ပုဇွန်ငပိ ငရုတ်သီးလုံးကြမ်းခွဲမှုန့် ဆား နှင့် အရသာမှုန့်တို့ကိုထည့်ကာ အားလုံးသမသွားအောင် ထောင်းပေးပါ
  • ထောင်းပြီးတာနဲ့ မြေပဲဆီ​မွှေး​မွှေး​လေးထည့်ကာ ဆီမြုပ်အောင် နယ်ပေးပြီး ထမင်းပူပူ​လေးနှင့်​ စားနိုင်​ပါပြီ။

No comments:

Post a Comment