တစ်ခါတစ်ခါ ဟင်းချက်ရတာ ပျင်းတဲ့နေ့တွေဆို အခုလို အမြန်ဟင်းလေးတွေ ချက်ဖြစ်ပါတယ် ထမင်းပူပူ ဟင်းပူပူလေးဆို တခြားဟင်းတွေ မလိုတော့ဘဲ စားမြိန်ဟင်းလေးတော့ ဖြစ်လာခဲ့ပါတယ်။
ဒီတခါတော့ ကြက်သားကို အပြားလေးတွေလှီးပြီး ဂျုံမှုန့်နှင့် ကပ်ပြီးကြော်ကာ ခရုဆီနဲ့ ဂေါ်ဖီတို့နဲ့ရောပြီး အစိမ်းကြော်လေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ခပ်ပြားပြား အတုံးလေးတွေ တုံးထားသော ကြက်ရင်ပုံသား - 150 g
- ဂျုံမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
- အဖတ်လေးတွေရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
- ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ငရုတ်သီးအကြမ်းဖတ် - အနည်းငယ်
- အနေတော် လှီးထားသော ဂေါ်ဖီ - သုံးရွက်ခန့်
- အနေတော် လှီးထားသော ပန်းဂေါ်ဖီ - ငါးခက်ခန့်
- အရှည်လိုက် လှီးထားထေားသောချင်း - လက်တစ်ဆစ်ခန့်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငံပြာရည် - ထမင်းစားဇွန်း တစ်ဝက်ခန့်
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - လိုသလောက် သုံးပါ (ကြက်သားကြော်ရန်)
- ဆီ - ထမင်းစားဇွန်း လေးဇွန်း (ဟင်းချက်ရန် )
- နှမ်းဆီ - ၄စက်ခန့်
ပြင်ဆင်ပုံ
- ပထမဆုံး လှီးထားသော ကြက်သားကို ဂျုံမှုန့်ထဲမှာ လူးပေးထားပါ
- ပြီးတာနဲ့ ဆီကိုအပူပေးပါ
- ဆီပူတာနဲ့ ကြက်သားကို ထဲ့ကြော်ပေးပါ
- ကြက်သားကို ၃မိနစ်လောက်ကြော်ပြီးတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ပိုနေသောဆီများကို အနည်းငယ် ချန်ထားပြီးတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို တမိနစ်လောက် ထဲ့မွှေပေးပါ
- ပြီးတာနဲ့ ကြက်သားကြော် ပန်းဂေါ်ဖီ ငရုတ်သီး အကြမ်းဖတ်နှင့် ဂေါ်ဖီတို့ကိုထဲည့်ကာ တမိနစ်လောက် ထဲ့ကြော်ပါ
- ပြီးတာနဲ့ ဆား ငံပြာရည် ခရုဆီ ပဲငံပြာရည်တို့ကို တစ်ခါထဲ ဆက်တိုက် ထဲ့ပြီးမွှေပေးပါ
- ကြက်သွန်များ နွမ်းမသွားအောင် မြန်မြန်ကြော်ပြီး နှမ်းဆီထည့်မွှေကာ မီးပိတ်ပေး၍ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
- ထမင်းပူပူလေးနှင့် အရသာရှိစွာ သုံးဆောင်နိုင်သော ကြက်သား ခရုဆီကြော် ရပါပြီ။
No comments:
Post a Comment