တနေ့တနေ့ ဟင်းချက်ရံအတွက် စဉ်းစားလိုက်တိုင်း ဘာစားရင်ကောင်းမလဲ ဘာချက်ရင်ကောင်းမလဲ အတွေးထဲပေါ်လာတဲ့ ဆိတ်သားနှပ်ဟင်းလေး ဒီနေ့တော့ ချက်လိုက်ပါတယ် ချက်နည်းကတော့ မာမာ့အမေချက်တဲ့ နည်းအတိုင်း ချက်ထားပါတယ်။
ပါဝင်ပစ္စည်းများ
- ဆိတ်သား - 500 g
- ကြက်သွန်နီ - အနေတော် ၂လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
- ခပ်ပါးပါး လှီးထားသောချင်း - ထမင်းစားဇွန်း တစ်ဇွန်း
- ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- လေးညှင်း - တစ်ပွင့်
- ဖာလာ - တစ်ေစ့
- သစ်ဂျပိုးခေါက် - တစ်လက်မခန့်
- ကရဝေးရွက် - ၃ရွက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၉ဇွန်း
- သံပုရာသီး - တစ်လုံး
- မကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
ပြင်ဆင်ပုံ
- ဆိတ်သားကို အနေတော် အတုံးလေးတွေ တုံးထားပါ
- တုံးထားသော ဆိတ်သားကို သံပုရာရည် ညှစ်ပြီး နယ်ကာ ၅မိနစ်ခန့် နှပ်ထားပြီးမှ ရေစင်အောင် ဆေးပလိုက်ပါ
- ရေဆေးပြီးသော သိုးသားကို ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တဇွန်း ဆား လက်ဖက်ရည်ဇွန်း တ၀က် နနွင်းမှုန့်တို့နဲ့နယ်ကာ ၁၅မိနစ်လောက် နှပ်ထားပါ
- ကြက်သွန်နီ တလုံးကို အခွံခွာ အလုံးလိုက်ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
- နောက်ထပ် ကျန်သော တလုံးကို ပုံပါအတိုင်း လှီးထားပါ
- ကြက်သွန်ဖြူ ၃မွှာကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
- နောက်ထပ်ကျန်သော လေးမွှာကို အခွံခွာပြီး ရေဆေးထားပါ
- ချင်းကို အခွံခွာပြီး ခပ်သေးသေး လှီးထားပါ
- မကျည်းသီးမှည့်ကို ရေဆေးပြီး ရေအနေတော်ထည့်ကာ ရေစိမ်ထားပေးပါ
ချက်ပြုပ်ပုံ
- အရသာဝင်အောင်နှပ်ထားသော ဆိတ်သားကို ဇောက်နက်သော အိုးတလုံးထဲ ထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
- ပထမ တရည်ခမ်းပါက နောက်တရည်ထပ်ထည့်ပြီး ဆိတ်သားနူးအောင် ပြုပ်ပေးပါ
- ဆိတ်သားနူးလာတာနဲ့ ဟင်းချက်ရန် ပြင်ဆင်ပါ
- ဒယ်အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ ဆီပူလာတာနဲ့ ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ ကြက်သွန်နီ သစ်ဂျပိုးခေါက် လေးညှင်း ဖာလာ ကရဝေးရွက် ချင်းနှင့် ငရုတ်သီးမှုန့်တို့ထည့်ပြီး အဆက်မပြတ် မွှေပေးကာ မွှေးလာအောင် ဆီသတ်ပေးပါ
- ဆီသတ်နံ့ မွှေးလာတာနဲ့ ပြုပ်ထားသော ဆိတ်သားအိုးထဲကို ထည့်ပြီး မွှေပေးပါ
- ပြီးတာနဲ့ ရေမြုပ်အောင် ထပ်ထည့်ပြီး အစိတ်လေးများရအောင် လှီးထားသော ကြက်သွန်နီ ကြက်သွန်ဖြူအမွှာ ဆားလက်ဖက်ရည်ဇွန်း တ၀က်နှင့် ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း တ၀က်ထည့်ပြီး တည်ပေးပါ
- တည်ထားသော ရေခမ်းကာနီးတာနဲ့ ရေစိမ်ထားသော မကျည်းသီးမှည့် အရည်ကိုထည့်ပြီး တည်ပေးပါ
- ရေဆူပြီး ဟင်းအနှစ် အနေတော် ရတာနဲ့ဆီလည်ရေလည် ကျန်တဲ့အထိ တည်ပေးကာ အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ဖြုန့်ဖြုန့် အရသာလေးနဲ့ ဆိတ်သားနှပ်ဟင်း အိအိမွှေးမွှေးလေးကို စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment