Saturday 29 June 2013

ကြက်ရင်ပုံသား အိုးပူတိုက်


ကြက်ရင်ပုံသား အိုးပူတိုက်
ဟင်းကိုဆီတွေနဲ့ ချက်တာမစားချင်လို့ ထောပတ်ဆီလေးနဲ့ အိုးကင်းပူလေး တိုက်ထားပါတယ် အရသာမွှေးမွှေးလေးမို့ ထမင်းနဲ့စားလို့ကောင်းသလို ရေနွေးကြမ်းလေးနဲ့လဲ လိုက်ဖက်ပါတယ်။

အိုးကင်းပူ တိုက်ထားတဲ့အတွက် အနံ့လေးက အရမ်းသင်းပါတယ် ထောပတ်မရှိရင်လဲ ရိုးရိုးဆီလေးနဲနဲစီထဲ့ပြီးတော့ အိုးကင်းပူ တိုက်လို့ရပါတယ် ကထိကထ မများလို့ ကင်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. လက်တစ်လုံးလောက် မရှိတစ်ရှိ အထူလှီးထားသော ကြက်ရင်ပုံသား - အနေတော် ဆယ်ခု
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ထောပတ် - အနည်းငယ် 
  5. သံပုရာသီး - တစ်ခြမ်း
  6. နံနံပင် - အနည်းငယ်
ပြင်ဆင်ပုံ

  1. ကြက်သားကိုဆား အရသာမှုန့်တို့နှင့်နယ်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပေးပါ
  2. မကပ်သော ဒယ်အိုးတစ်လုံးကို မီးအနေတော်နှင့် အပူပေးပါ
  3. ဒယ်အိုးပူလာပါက ထောပတ်အနည်းငယ်ထဲ့ပြီး ကြက်သားကို တခုခြင်း ထဲ့ပေးပါ
  4. တဖက်ကျက်လျှင် တဖက်ကို လှန်ပေးပါ
  5. ကြက်ရင်ပုံသား တစ်ခုလုံး  အရောင်ပြောင်းလာလျှင် အိုးပူတိုက်တာလေး ရပါပြီ
  6. ကြက်သားအိုးပူတိုက် ကင်လေးကို သံပုရာရည် ဆမ်းပေးပြီး မိမိကြိုက်နှစ်သက်သလို စားသုံးနိုင်ပါပြီ

No comments:

Post a Comment