Wednesday 12 June 2013

ပုဇွန် ကြက်သားစင်းကော အုပ်ကြော်

ပုဇွန်ကြက်သားဆုတ်လုံးကြော်
မာမာတို့ မနေ့က ကြော်စားဖြစ်တဲ့ အကြော်လေးပါ ပထမရက်က ဂျပန်ဆိုင်က ဝယ်စားတာလေးကို ကြိုက်လွန်းလို့ မနေ့က ကိုယ့်ဘာသာကိုယ် အိမ်မှာကြော်စားကြည့်တာပါ။

 ကြက်သားအရသာလေးက ဝါးလိုက်ရင် ထုတ်ထုတ်အိအိလေးမိုလို့ စားလို့အရမ်းကောင်းပါတယ် ပုဇွန်အရသာကတော့ နဂိုထဲက ကောင်းပြီးသားမို့ ပြောစရာမလိုလောက်အောင်ကို ကောင်းနေတာပေါ့နော် မာမာတော့ ထမင်းနဲ့ မစားဘဲ ဒီတိုင်းလေးဘဲ စားလိုက်တာ စားကေင်းလွန်းလို့ မနဲကို ဘရိတ်အုပ်ယူရပါတော့တယ်။

ပုဇွန်ကြက်သားဆုတ်လုံးကြော်လေးကြော်ဖို့ပြင်ပါမယ်
ကြက်သားကိုအရသာအရင်နယ်ပါမယ်
ပြင်ဆင်ပုံ

  1. နုတ်နုတ်စင်းထားသောကြက်သား - 300 g 
  2. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲနှင့် အားလုံးကိုရောပြီး နယ်ပေးထားပါ
  5. ပွနေအောင် ခလောက်ထားသော ကြက်ဥ - တစ်လုံး
  6. အခွံခွာပြီးကြောမှ အမဲကြောင်းလေးထုတ်ထားသော ပုဇွန်ထုတ် - 300 g 
  7. Panko Bread Crumbs - 100 g



ပုဇွန်နှင့်ကြက်သားကို စပြီး ဆုတ်ကာလုံးပါမယ်

  • ပုဇွန်တစ်ကောင်ကိုယူပြီး ကြက်ဥထဲမှာ အရင်နှစ်ပေးပါ
  • ကြက်သားစင်းပြီးသား နဲနဲနှင့် ပုဇွန်ကိုဆုတ်ပြီး လုံးပေးပါ
  • ပြီးလျှင်Panko Bread Crumbs အမှုန့်ထဲတွင် လူးပေးပြီး ခပ်ဖွဖွလေး ဆုတ်ပေးပါ


အားလုံးပြီးသွားလျှင်ကြော်ပါမယ်

  • ဆီ လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲလောက်ထဲ့ပြီး မီးအနေတော်နှင့် အပူပေးထားပါ
  • ဆီပူလာလျှင် မီးရှိန်ကိုရှော့ပြီး မီးအေးအေးနှင့် ပုဇွန်ကြက်သား ဆုတ်လုံးလေးများကို ကြော်ပေးပါ
  • အားလုံးရွှေဝါရောင် သန်းသွားလျှင် ဆယ်ပြီးဆီစစ်ပေးထားပါ


ဆီစစ်သွားပါက နှစ်သက်ရာ အချဉ်နှင့် တွဲဖက်၍ 
စားသုံးနိုင်ပါတယ်

3 comments:

  1. ကြက်သားစင်းပြီးသားနဲ့ပုဇွန်ကိုဆုတ်ပြီး လုံးပြီးသွားရင်Bread Crumbs အမှုန့် မကပ်ခင် ကြက်ဥထဲ နှစ်ရသေးလား မမမာ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. မနှစ်တော့ဘူးမိုးစက်ဝိုင်ရေ
      နှစ်လိုက်ရင် အမှုန့်တွေအများကြီးကပ်ကုန်မှာစိုးလို့လေ.

      Delete
  2. I will try to fried ma ma mar.

    ReplyDelete