Saturday 29 June 2013

ချဉ်ငံစပ် သပြုသီးငါးပိချက်


သပြုသီး


အသီးကိုထက်ခြမ်းခွဲပြီး အသားဖတ်လေးများ ခွာယူပေးပြီး ပြုပ်ပေးပါ

ဒီနေ့တော့ ထမင်းမိန်စေမဲ့ သပြုသီးငါးပိချက်လေး ချက်ပါတယ် ချက်စားကြည့်မှ အရသာ သိတာမို့လို့ သပြုသီးလေးရရင် တစ်ခါလောက်တော့ ချက်စားကြည့်စေချင်ပါတယ် ချဉ်ဖြုံ့ဖြုံ့လေးနဲ့မို့ ထမင်းကို အရမ်းမိန်စေတဲ့အတွက် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ

  1. သပြုသီး - ခပ်ကြီးကြီး တစ်လုံး
  2. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ပါးပါးလှီးထားသော ကြက်သွန်နီ -  ခပ်ကြီးကြီး တစ်လုံး
  4. ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ပန်းကန် နှစ်လုံးစာ
  5. ကြက်သွန်ဖြူ - ငါးမွှာ
  6. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ

  • သပြုသီးကို အဖတ်လေးများ ရအောင်လှီးပြီး ရေထည့်ကာ ၂မိနစ်လောက် ပြုပ်ပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ။
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ။
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး အပူပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို အရင်ကြော်ပေးပါ။
  • ကြက်သွန်နီ နွမ်းသွားပါက ငရုတ်သီးလုံးခြမ်းခွဲကိုထည့်ပြီး မွှေးလာတဲ့ထိ ဆီသတ်ပေးပါ။
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ ပုဇွန်ခြောက်မှုန့်နှင့်အတူ သပြုသီးပြုပ် ငံပြာရည် ဆား အရသာမှုန့်တို့ကို ထဲ့ပြီး သမအောင် မွှေပေးပါ။
  • ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး သပြုသီးနူးအောင် တည်ပေးပါ။
  • သပြုသီးနူးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ရပြီဆိုတာနဲ့ မီးပိတ်ပေးကာ ကြက်သွန်ဖြူကို ထဲ့မွှေပေးပြီးရင် သပြုသီးငပိချက် ချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment