Saturday 22 June 2013

သတ်သတ်လွတ် ကင်မ်ချီ







မာမာ ဒီနေ့တော့ သတ်သတ်လွတ် ကင်မ်ချီလေး လုပ်ဖြစ်ပါတယ် အသားဟင်း မစားတဲ့သူတွေအတွက် အရမ်းကောင်းတဲ့ ကင်မ်ချီလေးပါ သတ်သတ်လွတ် ကင်မ်ချီကို ထမင်းပူပူလေးနဲ့ စားနိုင်သလို ထမင်းကြော် ပူပူလေးနဲ့လဲ စားနိုင်ပါတယ်။

တစ်ခါတလေ ခေါက်ဆွဲပြုပ်လေးနဲ့ စားရတာကိုနှစ်သက်တဲ့အတွက် မကြာခန လုပ်တတ်တဲ့ ကင်မ်ချီလုပ်နည်းလေး မျှဝေလိုက်ပါတယ် လုပ်ရတာလွယ်သလောက် စားလို့ကောင်းတဲ့ ကင်မ်ချီလေးပါ ။

ပါဝင်ပစ္စည်းများ
  1. မုန့်ညှင်းဖြူ - 1000 g
  2. ကြက်သွန်မိတ် - ၁၅ပင်
  3. ကင်းမွန်ငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  4. သကြား - ထမင်းစားဇွန်း ၂ဇွန်း
  5. သခွားသီး - အနေတော်နှစ်လုံးခန့်
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၇မွှာ
  7. ပန်းသီး - တစ်ခြမ်း
  8. ကြက်သွန်နီ - အနေတော် ၂လုံး
  9. ငရုတ်သီး အရောင်တင်မှုန့် - ထမင်းစားဇွန်း ၇ဇွန်း 
  10. ဆား - ထမင်းစားဇွန်း ၈ဇွန်း

ပြင်ဆင်ပုံ
  • မုန့်ညှင်းဖြူကို တလက်မလောက် အရှည်လေးတွေ လှီးပြီး ရေစင်အောင်ေ ဆပေးပါ
  • ဆားနှင့် ရေအနည်းငယ်ကို ပန်းကန်တခုထဲမှာ ထည့်ပြီးဖျော်ပေးပါ
  •  ဇလုံကျယ်ကျယ် တခုထဲမှာ လှီးထားသော မုန့်ညှင်းဖြူကိုထည့်ပြီး အရည်ဖျော်ထားသော ဆားရည်ဖျန်းကာ နယ်ပေးပြီး ၃နာရီလောက် ဆားရည်စိမ်ထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး တလက်မလောက် အရှည်အနေအထား လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ၈စိတ် စိတ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ပန်းသီးကို အခွံခွာပြီး လေးစိတ် စိတ်ထားပါ
  • မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ပုံပါအတိုင်း လှီးထားပါ
  • သခွားသီးကို အလုံးလိုက် ရေဆေးပြီး ခပ်ထူထူလေးတွေ လှီးထားပါ
  • သကြား ငရုတ်သီးမှုန့်တို့ကို ပြင်ထားပေးပါ
ကင်မ်ချီလုပ်ဖို့ပြင်ပါမယ်
  • ဆားရည်စိမ်ထားသော မုန့်ညှင်းဖြူ ၃နာရီ ပြည့်ပါက ရေနှင့် ၃ကြိမ်လောက် ဆေးပေးပြီး ဇကာနှင့် စစ်ထားပါ
  • ပန်းသီး ကြက်သွန်ဖြူ ကြက်သွန်နီ ငံပြာရည်တို့ကို ဘလင်ဒါထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
  • ကြိတ်ပြီးသော အနှစ်ဖတ်များကို ဇလုံတခုထဲ သွန်ချပြီး ငရုတ်သီးမှုန့် သကြား မုံလာဥနီ သခွားသီး ကြက်သွန်မိတ်တို့နဲ့ ရောမွှေပေးပါ
  • အနှစ်ရပြီ ဆိုပါက ရေစစ်ထားသော မုန့်ညှင်းဖြူနှင့် ရောပြီး သမအောင် မွှေပေးပါ
  • အရသာ သမသွားပြီ ဆိုတာနဲ့ ချက်ခြင်းစားလို့ ရသလို လေလုံလုံ ဗူးထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ပြီး ထားပါက လနှင့်ချီပြီး ထားစားလို့ ရပါတယ်
  • ထမင်းကြော် ခေါက်ဆွဲကြော်များ ထမင်းတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး စားသုံးလို့ ရပါပြီ။
  • အနှစ်ပြုလုပ်ရာမှာ သစ်တော်သီး နှင့် ချင်းတို့ထည့်ပြီးလဲ လုပ်နိုင်ပါတယ်။

1 comment:

  1. စားချင်တယ် အစ်မရေ.. တကယ်သွားရေကျတယ်.. ^_^

    ReplyDelete