Sunday 22 July 2012

သမီးလေးလုပ်တဲ့ GOLDEN BUTTER CAKE


ဒီနေ့ ကျောင်းပိတ်ရက်လေးမှာ Butter Cake လေးလုပ်စားဖြစ်ပါတယ် အမေစားချင်တယ်ဆိုတာနဲ့ မာမာ့သမီးလေးက လုပ်ပေးပါတယ် ပြင်ဆင်ချိန်က မကြာပါဘူး ovenထဲ ထဲ့ချိန်လေးဘဲ နဲနဲကြာပါတယ်။

သူဝါသနာပါတာဆိုရင်တော့ မညီးမညူလုပ်တတ်လို့ ချစ်ဖို့ကောင်းပါတယ် မာမာ့သမီးလေးလုပ်တဲ့ မုန့်လေးရယ် မုန့်လုပ်နည်းလေးရယ်ကို ကြည့်ကြည့်ပါအုံးနော်။

လိုအပ်တာတွေက
ပထမဦးဆုံး
2 1/2 cups self-raising flour
250g butter
1 cup caster sugar
2 teaspoons vanilla essence တို့ကိုရောမွှေပေးပါ
ပထမအဆင့်ဂျုံရောနှင့်ထပ်ပြီးရောရန်ဒုတိယအဆင့်လိုအပ်တာတွေက
2 eggs 
2/3 cup milk
3 tablespoons butter


ဂျုံကိုcaster sugar ,vanilla essence,butter တို့နှင့်အရင်ဆုံးရောမွှေပေးပြီး ကြက်ဥ ထောပတ် နို့တို့နှင့်ရောမွှေပေးပါ

round cate pan ကိုဆီဖျန်းပေးထားပါ

ရောမွှေထားသောဂျုံစပ်ပြီးသားများကို round cate pan ထဲသို့လောင်းချပေးပါ

ovenထဲတွင်180° နှင့်လေးဆယ့်ငါးမိနစ်ထဲ့ပေးပါ

လေးဆယ့်ငါးမိနစ်ပြည့်လျှင်ကျက်ပါပြီ

oven ထဲကထုတ်ကာစGolden Butter cateမုန့်လေးပါ

round cake pan ထဲမှပန်းကန်ပြားပေါ်ကိုအသာသွန်ချပေးပါ

ဒါလေးကပြောင်းပြန်ပြန်လှန်ထားတာပါ

Butter Cakeလေးလှီးပြီးပါပြီရှင်အားမနာတမ်းသုံးဆောင်ကြပါနော်

6 comments:

  1. တော်လိုက်တာ အမေနဲ.တူလို.ဖြစ်မယ်

    ReplyDelete
    Replies
    1. ကျေးဇူးပါနော်

      Delete
  2. တော်လိုက်တဲ့ တီတီ မီးမီးလေး.
    ဘတ်ဒေးကိတ်တွေလုပ်ရင်
    မီးမီးလေးရှိနေရင် အိုခေသွားတာပေါ့ :)))

    ReplyDelete
    Replies
    1. ဟုတ်ပါ့တူမလေးရေ
      မွေးနေ့ကျရင်ပြော
      တီတီပို့ပေးလိုက်မယ်လေ

      Delete
  3. တော်လိုက်တာ

    ReplyDelete
    Replies
    1. ကျေးဇူးပါနော် စု

      Delete