Friday 27 July 2012

ကြက်သားအာလူး ဆီပြန်

ကြက်သားအာလူးဆီပြန်
မာမာ့ရဲ့ဒီဟင်းချက်တဲ့ blog လေးကိုမာမာ့သမီးလေးက အကြံပေးပြီး သူတို့မောင်နှစ်မနှစ်ယောက်က မာမာ့ကိုလုပ်ပေးခဲ့တာပါ စောစောပိုင်းတုံးကတော့ မာမာ့ရဲ့တစ်နေ့တာဆိုတဲ့ နာမည်လေးနဲ့မာမာ စာတွေရေးခဲ့ပါသေးတယ် နောက်ပိုင်းတော့ မာမာစာဆက်မရေးဖြစ်တော့တာနဲ့ အဲဒီ blog လေးကို ပိတ်ထားခဲ့ပါတယ်။

အခုတော့ ဟင်းတွေချက်ရင်းနဲ့ မာမာပျော်လာခဲ့ပါပြီ လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလိုမျိုးပေါ့နော် တစ်ယောက်နဲ့တစ်ယောက် ဟင်းချက်ပုံစံလေးတွေက ကွာခြားကြပါတယ် မာမာကအိမ်ချက်ဟင်းလေးတွေ အဓိကထားပြီးချက်ပါတယ် ဟင်းကမချက်တတ်ခင်တော့ တော်တော်လေးပင်ပန်းတယ်လို့ထင်ရပေမဲ့ ချက်တတ်သွားရင်တော့ အရမ်းပျော်စရာကောင်းပါတယ် နောက်ပြီး တစ်မိသားစုနဲ့တစ်မိသားစုက အကြိုက်ချင်းလဲတူချင်မှတူပါလိမ့်မယ် ဒါကြောင့်ဟင်းချက်ရင် ပုံသေထားပြီး မချက်ဘဲ လိုတိုးပိုလျော့လေးတွေလုပ်ပြီး ချက်တာအကောင်းဆုံးပါ မာမာတို့မိသားစုကိုဘဲကြည့်ပါနော်။

မာမာကဟင်းဆိုစပ်မှကြိုက်တယ် မိသားစုကစပ်ရင်မကြိုက်ကြပါဘူး မာမာကငပိဆို ဘာငပိဘဲဖြစ်ဖြစ်ကြိုက်တယ် မိသားစုကငပိကိုအနံ့တောင်မကြိုက်ကြပါဘူး အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်ကဟင်းကို ချိန်ပြီးချက်တတ်အောင် ကြိုးစားရပါတယ် အဲဒီလို ချိန်ပြီးချက်တတ်သွားရင် ကိုယ်ချက်တဲ့ဟင်းကို ကိုယ့်မိသားစုကနှစ်သက်လာပါလိမ့်မယ်။

 အဲဒီလိုအချိန်မှာ မိသားစုမိန်ရည်ယှက်ရည်စားနေတာမြင်ရရင်ကိုဘဲ ဟင်းချက်ရတဲ့သူအတွက် အရမ်းပီတိဖြစ်ရပါတယ်  ဒါကြောင့်မို့ အခုမာမာဒီblog လေးလုပ်ရင်းနဲ့ ဟင်းချက်ရတာ ဘာကြောင့်ပျော်လာလဲဆိုတာကို မာမာ့ဆီလာလည်တွေမိတ်ဆွေတွေ သိလောက်မှာပါနော်

အပြင်ကဆိုင်ကြီးတွေမှာစားရတာထက် အိမ်မှာစားရတဲ့ မိသားစုထမင်းဝိုင်းလေးက ပိုပြီးအနှစ်သာရပြည့်စုံပါတယ် ဒီနေ့တော့ မာမာကြက်သားကို
မစပ်တဲ့အရောင်တင်မှုန့်လေးနဲ့ချက်ပေးထားလို့ မိသားစုအားလုံးစားနိုင်မယ်လို့ထင်မိပါတယ် အစပ်မစားနိုင်တဲ့မိသားစုတွေအတွက် ဒီနည်းလေးအတိုင်းချက်နိုင်ပါတယ်။

ကြက်သားအာလူးဆီပြန်ချက်လေးပါ
  •  1000g drumsticks ( ကြက်ပေါင်) 
  • 10 tablespoons oil (ဆီ)
  • 4 tablespoons shredded orions (ပါးပါးလှီးထားသောကြက်သွန်နီ)
  • 1 tablespoon paste garlic (ထောင်းထားသောကြက်သွန်ဖြူ)
  • 1 teaspoon paste ginger (ထောင်းထားသောဂျင်းအနှစ် )
  • 2 talespoons paprika powder (အရောင်တင်မှုန့်)
  •  5 bay leaf (ကရဝေးရွက်)
  • 1 teaspoon fennel seed  (စမုံစပါး)
  • 7 cloves (လေးညှင်း)
  • 1 star anise (နာနတ်ပွင့်)
  • 1 cinamon stick (သစ်ဂျပိုးခေါက်)
  • 2 teaspoons salt (ဆား)
  • 1 tablespoon sugar (သကြား)
ကြက်သားနယ်ရန်
1 teaspoon salt (ဆား)
1 teaspoon chicken powder(ဟင်းချိုမှုန့်)

အာလူးနယ်ရန်
  • 1000g potatos (အခွံခွာရေဆေးပြီးခြမ်းထားသောအာလူး)
  • 1/2 teaspoon salt (ဆား)

ကြက်သားကိုဆား ဟင်းချိုမှုန့်တို့နှင့်နယ်ပေးထားပါ
ငရုတ်သီးအရောင်တင်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းထောင်း
ဟင်းခတ်အမွှေးအကြိုင်များ
အာလူးကိုဆားနှင့်နယ်ပြီးဆယ်မိနစ်လောက်ထားပြီးမှကြော်ပါ
အာလူးကြော်၍ပိုသောဆီပူမှာကြက်သွန်ဖြူနီချင်းထောင်းတို့ကို
အရင်ကြော်ပေးပါ အားလုံးနွမ်းသွားပါမှအရောင်တင်မှုန့်နှင့်ဟင်းခတ်
အမွှေးအကြိုင်များကိုထဲ့ပြီးဆီသတ်ပေးပါ
ကြက်သွန်ထောင်းများကျွတ်လာပြီးငရုတ်သီးဆီသတ်နံ့မွှေးလာမှ
ကြက်သားကိုထဲ့ပြီး ၅မိနစ်လောက်ဆီနာနာသတ်ပေးပါ
ကြက်သားမာပြီးကျစ်လာတဲ့ထိမကပ်အောင်မွှေမွှေပေးပြီးဆီသတ်ပါ
ကြက်သားမာပြီးကျစ်သွားမှဟင်းအနှစ်အရသာယူရန်ဆား ဟင်းချို
 မှုန်တို့နှင့်ရေကိုမြုပ်အောင်ထဲ့ပြီးနှစ်ရည်လောက်ခမ်းတဲ့ထိတည်ပါ
ကြက်သားနှစ်ရည်ခမ်းပါက အာလူးကိုရောပြီး ရေမမြုပ်တစ်မြုပ်ထဲ့ပြီး
ဆက်တည်ပါ
ရေခမ်းပြီးဆီပြန်လာလျှင်အပေါ့အငံမြည်ပေးပြီးမီးပိတ်ပေးပါ
ကြက်သားအာလူးဆီပြန် မွှေးမွှေးလေးရပါပြီ
ကြက်သားအာလူးဆီပြန်ဟင်းလေးပါ

4 comments:

  1. အစ်မရေ.. လာအားပေးသွားတယ်နော်.. ကြက်သားကို မဆလာ တစ်မျိုးနဲ့ဘဲ ချက်တတ်တာ.. အခုနည်းနဲ့ ချက်ကြည့်ဦးမယ်..။

    ReplyDelete
    Replies
    1. ဒံပေါက်ထဲကကြက်သားအရသာလိုဘဲညီမလေး
      ချက်ပြီးရင်ကြိုက်သွားလိမ့်မယ်
      ချက်ကြည့်နော်

      Delete
  2. မမကျားတို.နဲ.ချက်နည်းမတူဘူး မာမာချက်နည်းလေးက ပိုကောင်းမယ်.ပုံဘဲ၊ နောက်တစ်ခါ ချက်နည်းပြောင်းချက်လိုက်အုန်းမယ်။ ကျေးဇူးနော်မာမာ။

    ReplyDelete
    Replies
    1. မမကျားချက်နည်းလေးလဲပြောအုံးနော် မာမာလဲမမကျားတို့လိုစားချင်တာပေါ့

      Delete