မှိုမုန့်ညှင်းစိမ်းကြော် |
ကောက်ရိုးမှိုနဲ့ မုန့်ညှင်းစိမ်းလေးကြော်ပါတယ်
အသီးအရွက်တွေက ကြော်ချိန်မကြာလို့ စားခါနီးမှကြော်ရင် ပိုပြီးစားလို့ကောင်းပါတယ်
နောက်ပြီး အသီးအရွက်ကြော်ရင် အိုးကိုဖုံးပြီး မကြော်တာ အကောင်းဆုံးပါ ဖုံးပြီးကြော်ရင် အရမ်းနူးကုန်ပြီး အရောင်တွေညိုကုန်ရင် စားလို့မကောင်း ဖြစ်တတ်ပါတယ်။
- ကောက်ရိုးမှို - သုံးဆယ်သား
- မုန့်ညှင်းစိမ်း - တစ်စီး
- ကြက်သွန်ဖြူ - သုံးမွှာ
- ဆီ - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
မုန့်ညှင်းစိမ်းကို လှီးဖြတ်ပြီး ရေဆေးပါ |
ကောက်ရိုးမှိုလေးတွေကိုရေဆေးပြီးတစ်ဝက်ဆီခြမ်းပါ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပေးပါ |
မီးအနေတော်မှာဆီကိုအပူပေးပြီး နနွင်းမှုန့်ထဲ့ကာကြက်သွန်ဖြူကို ဆီအရင်သတ်ပါ ပြီးလျှင်မှိုကို သုံးမိနစ်လောက်ကြော်ပေးပါ |
ပြီးလျှင်မုန့်ညှင်းကိုထဲ့ကြော်ပေးပြီး ဆားနှင့်ဟင်းခတ်မှုန့်ကိုထဲ့ပေးပါ |
အားလုံးကို၂မိနစ်လောက် ထပ်ကြော်ပေးပြီး အပေါ့အငံမြည်းပြီး မီးပိတ်ပေးပါ |
ဒယ်အိုးထဲမှာထားရင် အရောင်တွေ ညိုသွားတတ်လို့ ချက်ပြီးပြီးချင်းပန်းကန်ထ ပြောင်းထဲ့ပေးပါ |
ကောက်ရိုးမှို မုန့်ညှင်းစိမ်းကြော် |
မမမာရေ စုက မုန်ညင်းစိမ်းကို ဟင်းရည်ချက်တာ မုန်ညင်းစိမ်းအရမ်းကြိုက်တယ် စားသွားပြီနော်
ReplyDeleteစားနော် စု မမမာကမုန့်ညှင်းဆိုဘယ်လိုချက်ချက်အရမ်းကြိုက်လို့ခနခနချက်ဖြစ်တယ်
Delete