Monday, 28 September 2020

မော်လမြိုင် အချဉ်








ဒီနေ့တော့ အစာပြေ စားဖို့ရာအတွက် အာလူးထောင်းကြော်လေး ကြော်ဖြစ်ပါတယ် အာလူးထောင်းကြော်က သူ့ခြည်းဘဲလဲ အရသာ ရှိပေမဲ့ မာမာကတော့ အချဉ်လေး စပ်ပြီးတော့ အာလူးထောင်းကြော်လေးနဲ့ စားပါတယ်။

ဒီအချဉ်စပ်နည်းလေးက မာမာ့စိတ်ထင် မော်လမြိုင်အချဉ်လို့ နံမည်တပ်ပေမဲ့ မွန်လူမျိုးတို့ရဲ့ အရသာစပ်နည်းလို့ ပြောလို့လဲ ရပါတယ် ဘာဖြစ်လို့လဲဆိုရင် ကျန်ခဲ့တဲ့ နှစ်သုံးဆယ်လောက် ကတည်းက မွန်ရွာဖြစ်တဲ့ ကောဗိန်း ကော့ဗောက် တိုက်နယ်ဆေးရုံမှာ မာမာ့အမျိုးသား တာဝန်ကျစဉ်က မာမာတို့ လိုက်နေဖြစ်ချိန်ထဲက အကြော်စုံစားတိုင်း သူတို့စပ်ပေးတဲ့ အချဉ်အရသာနဲ့ ပါဝင်တာတွေက ဒီအတိုင်းပါဘဲ။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး စပ်ထားတဲ့ အကြော်စုံပူပူလေးနဲ့ တွဲဖက်ပြီး စားဖို့အတွက် အချဉ်တည်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မန်ကျည်းသီးမှည့် - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်းစာ
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  3. ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
  4. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ပဲအကျက်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း နှစ်ဇွန်း(ခပ်ပျစ်ပျစ်ကြိုက်ပါက ပိုထည့်ပါ)
  6. ငရုတ်သီးစိမ်း - ဆယ်တောင့်ခန့် (အစပ်ကြိုက်ပါက ပိုထည့်ပါ)
  7. နံနံပင် - အပင်ကြီးကြီး လေးပင်အ
  8. ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ရေနွေးပွက်ပွက်ဆူပြီးသား - လက်ဖက်ရည် အကြမ်းပန်းကန်လုံး တစ်လုံးစာ (မန်ကျည်းသီးမှည့်စိမ်ရန်)
  10. ရေနွေးဆူပြီးသား ခပ်နွေးနွေး - လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာ (အရသာစပ်ရန်)
အချဉ်စပ်နည်း
  • မန်ကျီးသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးပွက်ပွက်ဆူနှင့် စိမ်ထားပါ
  • ငရုတ်သီးအလှော်မှုန့် ငါးငံပြာရည် အရသာမှုန့် ပဲအကျက်မှုန့်တို့ကို ပြင်ထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ 
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လွီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဇောက်နက်သော ဇလုံတစ်လုံးထဲမှာ ပါ၀င်ပစ္စည်းများကို ထည့်ပေးပါ
  • မန်ကျည်းသီးမှည့် အဖတ်ထဲမှ အချဉ်အရသာများ ထွက်သွားအောင် နယ်ပေးပါ
  • ပြီးတာနဲ့ အဖတ်များကို ဖယ်ပေးကာ အသင့်ပြင်ထားသော ဇလုံထဲကို ထည့်ပေးပါ
  • ရေခပ်နွေးနွေးလေး လက်ဖက်ရည် အကြမ်းပန်းကန် တစ်လုံးစာနှင့် ရောပြီးဖျော်ပေးပါ
  • အရသာ စပ်ပြီးတာနဲ့ မြည်းကြည့်ပြီး မိမိစိတ်ကြိုက် အရသာ ပြင်ပေးပြီးပါက ချိုချဉ်ငံစပ် အရသာ ကောင်းလှသော မော်လမြိုင် အချဉ်လေးရပါပြီ။

Friday, 25 September 2020

ပဲပြားပေါင်း ချိုစိမ့်လေး




ဒီနေ့တော့ နှမ်းဆီမွှေး ပဲငံပြာရည်တို့နဲ့ သတ်သတ်လွတ် ဟင်းတစ်မယ်အတွက် ပဲပြားကို အခ် ိုအရသာ ပေါင်းထားပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပေါင်းထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပဲပြားအပျော့ - 250 g
  2. ကြက်သွန်ဖြူ  - အမွှာကြီးကြီး နှစ်မွှာ
  3. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဝက်
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ရေ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ပဲပြားကို ရေဆေးကာ လက်တစ်လုံး အရွယ်လေးတွေ အချပ်လိုက် လှီးထားပါ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ  ဓါးပြားရိုက်ထားပါ
  • ပန်းကန်တစ်လုံးထဲမှာ ဆား ပဲငံပြာရည်အနောက် ပဲငံပြာရည် အကြည် ရေနှင့် ငရုတ်ကောင်းမှုန့်တို့ကို ရောပြီး သမအောင် ပြင်ထားပါ
  • ပန်းကန်တစ်လုံးထဲမှာ ပဲပြား ကြက်သွန်ဖြူ နှင့် အရသာ စပ်ထားသော ပဲငံပြာရည်တို့ကို ထည့်ပေးပါ
  • ထိုပန်းကန်ကို ပေါင်းအိုးထဲထည့်ပြီး အဖုံးအုပ်ပေးပါ
  • ပြီးတာနဲ့ ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး သုံးမိနစ် ပေါင်းပေးပါ
  • ပဲပြားပေါင်းချိန် သုံးမိနစ် ပြည့်တာနဲ့ ပေါင်းအိုးမှ လေထုတ်မည့် ခလုတ်ကို နှိပ်ပေးပြီး လေကုန်အောင် နှိပ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပဲပြားပေါင်းစဉ် ထွက်လာသော အရည်မှာ အရမ်းကို ချိုတဲ့အတွက် အရည်သောက်ဆမ်းလေး ပြင်ပေးနိူင်ပါတယ်
  • ပြီးတာနဲ့ ပဲပြားပေါင်း ပန်းကန်ကို ပေါင်းအိုးအပြင်သို့ ထုတ်ပေးပြီး ပူပူလူလူလေး သုံးဆောင်နိူင်ပါပြီ။

Saturday, 19 September 2020

ဂုံးကော်ကြော် ကြွတ်ကြွတ်လေး









ဒီနေ့တော့ ဂုံးလေးတွေ ဝယ်ထားပြီး ဆီပြန်လေး ချက်စားရင်းက များလို့ဖယ်ထားတဲ့ ဂုံးလေးတွေကို ကော်ကြော်လေး ကြော်စားဖြစ်ပါတယ် စားလို့အရမ်းကောင်းပြီး ကြွတ်ကြွတ်လေးနဲ့ အရသာ ရှိလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကော်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ကော်မှုန့် - 150 g
  2. ရေ - 250 ml
  3. ဂုံးအသား - တစ်ဆယ်သားခန့် (ပြုပ်ပြီး အခွံခွာပြီးသား)
  4. တရုတ်နံနံပင် - အနေတော် နှစ်ပင်ခန့် (ကြိုက်လျှင်ပိုထည့်ပါ)
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်အ
  6. ရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  8. ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်းခန့် 
  9. အောက်ချေမကပ်သောဒယ်အိိုး - ခပ်ကြီးကြီး တစ်လုံး
ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးပါ
  • ဂုံးအသားများကို မလိုတာတွေ ဖယ်ပေးပြီး ရေဆေးထားပါ
  • တရုတ်နံနံပင်ကို ရေဆေးပြီး ခပ်ပါးပါး လွီးထားပါ
  • ကော်မှုန့်ကို ရေဖြင့် ခပ်ပြစ်ပြစ် ဖျော်ပေးပါ
  • ဖျော်ထားသော ကော်ရည်ထဲမှာ ဂုံးအသားများ ဆား အရသာမှုန် ့နှင့် တရုတ္နံနံတို ့ကိုထည့်ပေးကာ အရသာသမအောင် မွှေပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနည်းငယ် လျှော့ပေးကာ ကြက်သွန်ဖြူ ကို ထည့်ပေးပြီး ကြော်ပေးပါ
  • ကြက်သွန်များ ဝါရောင်လေး သန်းတာနဲ့ အရသာ ဖျော်ထားသော ကော်ရည်ကိုထည့်ပြီး မွှေပေးပါ
  • မွှေပြီးတာနဲ့ အိုးကိုအဖုံးအုပ်ပေးကာ တည်ထားပေးပါ
  • တည်ထားစဉ် မီးအရမ်းမပြင်းဖို့ သတိထားပြီး တည်ပေးပါ
  • အပေါ်ဖက်မှာ ကော်ရည်အရောင် ကြည်ကြည်လေး ဖြစ်လာပါပြီး အောက်ဖက်မှ တစ်ဖက်သို့ လှန်လို့ရလောက်တဲ့ အေနအထား အရလာရင် ဇွန်းပြားနဲ့ ထိုးကလော်ပြီး လှန်ပေးပါ
  • ကော်ကြော်ကို တစ်ဖက်သို့ လှန်ပြီးတာနဲ့ အိုးအဖုံး ပြန်အုပ်ပေးပြီး ဆက်ကြော်ပေးထားပါ
  • ထိုနည်းအတိုင်း ကော်ကြော်လေး ကြွတ်ပြီးရွလာတဲ့အထိ စိတ်ရှည်ရှည်နဲ့ ကြော်ပေးပါ
  •  ကော်ကြော် ကြွတ်လာပြီ ဆိုတော့မှ မီးဖိုပေါ်မှ ဖယ်ပေးကာ ပန်းကန်ထဲကို ပြောင်းထည့်ပေးပါ
  • အရသာ အရမ်းကောင်းပြီး စားလို့ကောင်းလွန်းတဲ့ ဂုံးကော်ကြော် ကြွတ်ကြွတ် မွှေးမွှေးလေး ရပါပြီ။

Friday, 18 September 2020

ဘေဘီဘရော့ကိုလီကြော်


ဟင်းချက်ရမှာ အချိန်မရတဲ့နေ့တို့ လူကနေမကောင်းချင်လို့ မီးဖိုထဲ ဝင်ရမှာ ပျင်းတဲ့နေ့တို့ဆိုရင် ဟင်းတစ်မယ်ထဲနဲ့ အဆင်ပြေစေမဲ့ အသီးအရွက်တွေရယ် အသားတစ်မျိုးမျိုးနဲ့ ရောပြီး အစိမ်းကြော် ကြော်လေ့ရှိပါတယ်။

အစိမ်းကြော်မှာပါတဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ဘေဘီဘရော့ကိုလီ - ဆယ်ပင်ခန့်
  2. ပုဇွန်ထုတ် - 150 g
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. သကြား - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
အရသာစပ်ရန်
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
  • ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ္ထားပါ)
ပြင်ဆင်ပုံ
  • ပုဇွန်ထုတ်ကို ရေစင်အောင်ဆေးပြီး အခွံခွာပြီး ခေါင်းများဖြုတ် ထားပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လွီးထားပါ
  • ဘဘေီဘရော့ကိုလီ ရေဆေးပြီး အနေတော်  အခက်လေးတွေ လွီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပုဇွန်ထုတ်ကို ထည့်ကြော်ပေးပါ
  • ပုဇွန်ကျက်သွားပါက ဘေဘီဘရော့ကိုလီကို ထည့်မွှေပေးပါ
  • ဘရော့ကိုလီများ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • ဘေဘီဘရော့ကိုလီများ အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ဘေဘီဘရော့ကိုလီ အစိမ်းကြော်လေး ရပါပြီ။

Wednesday, 16 September 2020

ပြည်ကြီးငါးကင် မွှေးမွှေးလေး









ဒီနေ့တော့ ပြည်ကြီးငါး ခေါင်းပိုင်း ပိုင်းပြီးသားလေးတွေ ဝယ်လာပြီး အကင်အိုးလေးနဲ့ ကင်ဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် မာမာကင်တဲ့နည်းလေး မျှဝေလိုက်ပါတယ် မိမိအသုံးပြုတဲ့ ပြည်ကြီးငါးရဲ ့အသားတုံး အကြီးအသေး အပေါ်မူတည်ပြီး မိနစ်အနည်းအများကို လိုတိုးပိုလျှော့ လုပ်ပေးဖို့တော့ သတိလေး ပြုစေချင်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပြည်ကြီးငါးခေါင်းပိုင်း - လေးပိုင်း
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. ငရုတ်သီး အကြမ်းဖတ် - ထမင်းစားဇွန်း  တစ်ဇွန်း
  4. နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆီ - ထမင်းစားဇွန်း တဇွန်းခွဲ
  7. သံပုရာသီး - တစ်လုံး
  8. ဆားကြမ်း - ထမင်းစားဇွန်း တစ်ဇွန်း (ပြည်ကြီးငါးဆေးရန်)
  9. အကင်ဒုတ်တံ - လေးချောင်း
ပြင်ဆင်ပုံ
  • အကင်ဒုတ်တံကို ရေနာရီဝက်လောက် ကြိုပြီးစိမ်ထားပါ
  • ပြည်ကြီးငါး ခေါင်းပိုင်းနှင့် ဆားတို့ကို ဇလုံထဲမှာ ထည့်ပေးပြီး အယိအရွဲများ ကုန်သွားအောင် နယ်ပေးပါ
  • ပြီးတာနဲ့ ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ္ထားပါ
  • ရေစစ်ထားသော ပြည်ကြီးငါးကို နနွင်းမှုန့် ဆား အရသာမှုန့်နှင့် ငရုတ္သီး အကြမ်းဖတ်တို့ဖြင့် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အကင်ဒုတ်တံလေးတွေနဲ့ ထိုးပေးပါ 
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ပြည်ကြီးငါး ကင်ရန်အတွက် အကင်အိုးကို အပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး အိုးအဖုံးနှင့် အိုးအျပားကို ဆီန့ှံသွားအောင် လိုက်သုတ်ပေးပါ
  • ပြီးတာနဲ့ အရသာ နယ်ထားသော ပြည်ကြီးငါးကို စပြီးထည့်ပေးပါ
  • ပြည်ကြီးငါးရဲ့တစ်ဖက်ကို သုံးမိနစ်လောက် ကင်ပေးပြီးမှ နောက်တစ်ဖက်ကို လှန်ပေးပြီး ဆက်ကင်ပါ
  • နောက်တစ်ဖက်ကိုလဲ သုံးမိနစ်လောက်ဘဲ ကင်ပေးပါ
  • ပြည်ကြီးငါးကင်နှင့်သံပုရာသီး အစိတ်လေးများကို ပြင်ပေးပြီးတာနဲ့ ပြည်ကြီးငါးကင် မွှေးမွှေးလေးကို သံပုရာညွစ္ကာ သုံးဆောင်နိူင်ပါပြီ။

Tuesday, 15 September 2020

Enoki mushroom အကြွတ်ကြော်



ဒီနေ့တော့့ Enoki mushroom လေးတွေကို တန်ပူရာမှုန့်နဲ့ ကြော်စားဖြစ်ပါတယ် သတ်သတ်လွတ် စားသူတွေအတွက် အရမ်းအဆင်ပြေစေတဲ့ အကြော်လေးဖြစ်တဲ့အတွက် မာမာတို့အိမ်မှာ မကြာမကြာ ကြော်စားဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ကြော်ရတာ လွယ်သလောက် စားရတာ အရမ်းကောင်းတဲ့အတွက်  မှိုလေးတွေလဲ မိမိအိမ်မှာ အဆင်သင့် ရှိနေမယ် အချိန်လေးလဲ အားနေမယ် ဆိုရင်တော့ ကြော်စားကြည့်ရအောင် ကြော်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Enoki mushroom  -  60 g
  2. တန်ပူရာမှုန့် - 150 g
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ခွက်မရှိတစ်ရှိ
  4. ဆီ - လိုသလောက် သုံးပေးပါ

ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • ရေကိုတစ်ခါထဲ မထည့်ဘဲ နည်းနည်းချင်းထည့်ပေးကာ လိုတိုးပိုလျော့ လုပ်ပေးပါ
  • မုန့်နှစ်ကို ခပ်ပြစ်ပြစ် အေနအထား ရအောင်ဖျော်ပေးပါ
  • မှိုမှာပါဝင်တဲ့ မလိုအပ်တဲ့ အောက်ပိုင်းနေရာကို ဖြတ်ပေးပြီး ဖယ်ပေးကာ လွှင့်ပလိုက်ပါ
  • ကျန်နေသော အပိုင်းကို ရေဆေးကာ ရေစစ်ထားပါ
  • မှိုကို လက်ညှိုးတချောင်းစာ သာသာ ယူပေးပြီး ဖျော်ထားသာ မုန့်နှစ်ထဲမှာ  နှစ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုမီးအား ခပ်ပြင်းပြင်းနဲ့ အပူပေးပါ
  • ဆီပူလာပါက မီးကိုအလယ်လောက်အထိ လျှော့ပေးပြီးမှ မှို မုန့်နှစ်လူးကို ထဲ့ကြော်ပေးပါ
  • မုန့်နှစ်လူးထားတဲ့ မှိုကိုဆီအိုးထဲ ထည့်ရာမှာ အထဲထိ ကျက်စေရန်အတွက် ဖြန့်ပြီးထည့်ပေးပါ
  • မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • မီးအရမ်း မ်ားပါက မှိုရဲ့ အထဲဖက်မှာ မကျက်ဘဲ ပျော့ပြဲကြီး ဖြစ်နေတတ်ပါတယ်
  • ကြော်နေစဉ် တစ္ဖက္က ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါပြီး ကြွတ်ရွလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မှိုကြော် ကြွတ်ကြွတ်ရွရွ ချိုချိုလေးကို ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ကာ သုံးဆောင်လို့ရပါပြီ။


Thursday, 10 September 2020

Shrimp Paster








ဒီနေ့တော့ မာမာတို့တွေ ပုဇွန်ထုတ်လေးတွေနဲ့ Pasta လေး လုပ်စားဖြစ်ပါတယ် ပြင်ဆင်ရတာ အရမ်းလွယ်ကူ ရိုးရှင်းပါတယ် စားလို့ကောင်းလွန်းပေမဲ့ အအီအစိမ့်တွေ ပါတဲ့အတွက် ကျန်းမာရေးအတွက် အမြဲတမ်း စားဖို့အတွက်တော့ မသင့်တော်ဘူးလို့ ထင်မိပါတယ်။

ဒါပေမဲ့လဲ တစ်ခါတစ်လေ စားမယ်ဆိုရင်တော့ အဆင်ပြေတဲ့အတွက် အပြောင်းအလဲလေး စားချင်ရင် စားလို့ရလေအောင် မာမာပြင်ဆင်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
  1. Pasta - 300 g
  2. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (spaghetti ပြုပ်ရန်)
  3. ရေ - 5 cups (spaghetti ပြုပ်ရန်)
  4. ဆား - ထမင်းစားဇွန်း တစ်ဇွန်း ( Pasta ပြုပ်ရန်)
  5. Fresh oregano leaves - မိမိနှစ်သက်သလောက် ထည့်ပါ (သို့မဟုတ်)
  6. Oregano အခြောက် - ထမင်းစားဇွန်း နှစ်ဇွန်း
  7. ပုဇွန်ထုတ် - 150 g
  8. ကြက်သွန်ဖြူ  - အမွှာကြီးကြီး လေးမွှာ
  9. Pasta ပြုပ်ရည် - 1 cup
  10. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. Thickened Parmesan ချိစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  12. Cream - ထမင်းစားဇွန်း သုံးဇွန်း (ကြိုက်လျှင်ပိုထည့်ပါ)
  13. ဆီ - ထမင်းစားဇွန်း ငါးဇွန်း (pasta ကြော်ရန်)
  14. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ပုဇွန်အိုးပူတိုက်ရန်)
ပြင်ဆင်ပုံ
  • ဇောက်နက်သော အိုးထဲမှာ ရေ ဆီနှင့် ဆားတို့ကို ထည့်ပေးပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ Pasta ကိုထည့်ပြီး ပြုပ်ပေးပါ
  • Pasta နူးလာတာနဲ့ ဇကာခံပြီး ဇလုံသန့်သန့်ထဲကို ပြုပ်ရည်များ သွန်ချပေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခြံခြာကာ ရေဆေးပြီး အကွင်းလိုက်လေးတွေ လှီးပေးပါ
  • Oregano leaves ရွက်များကို ရေဆေးပြီး ခပ်နုတ်နုတ်လေးတွေ စင်းပေးပါ
  • ပုဇွန်ကို ရေဆေးပြီး အခြံ ခေါင်းနှင့် ကြောဖက်မှ အမဲကြောင်းကို ထုတ်ပေးထားပါ
  • ဒယ်အိုးထဲကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ပုဇွန်များကို ထည့်ပေးပြီး အိုးပူတိုက်ပေးပါ
  • တစ်ဖက်ကျက်တာနဲ့ တစ်ဖက်ကို လှန်ပေးပြီး ကျက်အောင် လုပ်ပေးပါ
  • ပုဇွန်ကျက်တာနဲ့ ဒယ်အိုးနောက်တစ်လုံးထဲမှာ ဆီထည့်ပြီး ကြက်သွန်ဖြူ ကို ထည့်ပြီး အပူပေးပါ
  • ကြက်သွန်ဖြူ  နံ့လေး သင်းလာတာနဲ့ ပြုပ်ထားသော pasta နှင့် ငရုတ်ကောင်းမှုန့်တို့ကို ထည့်မွှေပါ
  • ပြီးတာနဲ့ pasta ပြုပ်ထားသော အရည်နှင့် ပုဇွန်များ ထည့်မွှေပေးပါ
  • ရေခမ်းလာတာနဲ့ Oregano leaves အရွက်များကို ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရသာ မြည်းပေးကာ လိုသလို ပြင်ပေးကာ ပန်းကန်ထဲ ထည့်ပေးပြီး parmesan ချိစ်ကို ထည့်ပေးပြီး ပူပူနွေးနွေးလေး သုံးဆောင်နိူင်ပါပြီ။