ဒီနေ့တော့ မာမာ့သမီးလေးက အိမ်မှာစားဖို့အတွက် Cracker လေးတွေ ဖုတ်ပါတယ် ငံမြမြလေးနဲ့ စားလို့အရမ်းကောင်းတဲ့ မုန့်လေးပါ။
နှမ်းစေ့နဲ့ ဘိန်းစေ့လေးတွေကလဲ မွှေးနေတာမို့လို့ မာမာတော့ တော်တော်လေးကို ကြိုက်ပါတယ် အပျင်းပြေ ထိုင်ဝါးရင်ဘဲဖြစ်ဖြစ် အစာပြေ ထိုင်စားရင်ဘဲဖြစ်ဖြစ် အရမ်းကို အဆင်ပြေတဲ့ မုန့်လေးပါ။
လုပ်ရတာလဲ လွယ်ကူရိုးရှင်းပြီး ထည့်ရတဲ့ ပစ္စည်းတွေကလဲ အလွယ်တစ်ကူဘဲ ဝယ်လို့ရတဲ့အတွက် သားသားမီးမီးတို့အတွက် သရည်စာ မုန့်လေးတွေ လုပ်စားကြည့်စေချင်ပါတယ်။
Cracker အခုငါးဆယ်စာအတွက် ပါဝင်ရမှာလေးတွေကတော့
- 1 1/2 cups plain flour
- 1 tsp - သကြား
- 1 tsp - ဆား
- 2 tbs - သံလွင်ဆီ
- 1/2 cup - ရေ
မုန့်သားပေါ်တွင်ဖြူးရန်
- 1 tbs - နှမ်းစေ့
- 1/2 tbs - poppy seed (ဘိန်းစေ့)
- 1/2 tsp - ဆား (အားလုံးကိုရောမွှေပေးထားပါ)
ပြင်ဆင်ပုံ
- Cracker လုပ်ရန် ပြင်ပါမယ်
- ပထမဆုံး ဂျုံမှုန့် သကြားနှင့်ဆားတို့ကို ရောကာမွှေပေးပါ
- သမြသွားပြီးမှ ဆီနှင့်ရေကိုရောကာ မုန့်သားရအောင် နှဲပေးပါ
- မုန့်သားကို ဒိုးလုံးရအောင် နှဲပေးကာ ရလာသော ဒိုးလုံးကို သုံးလုံးပြန်ခွဲပေးပါ
- ပြီးတာနဲ့ cracker အခုငါးဆယ်ရအောင် ပြင်ပေးပါ
- မုန့်မဖုတ်ခင် မိနစ်နှစ်ဆယ်လောက်က ကြိုပြီး မီးအာ3း20ဒီဂရီဖြင့် oven ကိုဖွင့်ပေးထားပါ
- မုန့်လုပ်ရန် ပြင်ပေးပါ
- ပထမဆုံး မုန့်သားကို ဒလှိမ့်တုံးနှင့် မလှိမ့်မီ စားပွဲပေါ်သို့ ဂျုံမှုန့်အနည်းငယ် ဖြူးပေးပြီးမှ မုန့်ဒိုးသားကိုတင်ကာ ဒလှိမ့်တုံးနှင့် လှိမ့်ပေးပါ
- ဒလိမ့်တုံးနှင့် လှိမ့်နေစဉ် မုန့်သားကို ပါးနိုင်သမျှပါးအောင် လှိမ့်ပေးပါ
- လှိမ့်ပေးနေစဉ် မုန့်သားက ပြန်ပြန်ပြီး ကျုံ့သွားတတ်တဲ့အတွက် အသာလေးချော့ပြီး လှိမ့်ပေးပါ
- လိုချင်သော အနေအထားသို့ရောက်ပါက ဂျုံပြားကို ရေအနည်းငယ်စွတ်ပြီး နှမ်းစေ့ poppyစေ့ နှင့် ဆားတို့တို့ကို ဖြူးပေးပါ
- ပြီးမှ လိုချင်သော ပုံစံလေးများရအောင် လှီးဖြတ်ပေးပါ
- ကျန်ဒိုးလုံးများကိုလဲ အထက်ပါ နည်းအတိုင်း မုန့်သားကုန်တဲ့အထိ လုပ်ပေးပါ
- အားလုံးပြီးတာနဲ့ မုန့်ဖုတ်မည့် ဗန်းထဲသို့ baking paper ခင်းကာ ထိုဗန်းထဲသို့ ဖြတ်ထားသော မုန့်သားများကို အသာလေး ကော်ထဲ့ပေးပါ
- မုန့်ဖုတ်ရာတွင် မုန့်သားများ အကျက်ညီစေရန် ထိုမုန့်သားလေးများကို ခရင်းနှင့် သုံးလေးချက်လောက် လိုက်ပေါက်ပေးပါ
- မုန့်မဖုတ်ခင် မိနစ်နှစ်ဆယ်လောက်က ကြိုတင်ပြီး 320ဒီဂရီအားဖြင့် မီးဖွင့်ကာ အပူပေးထားသော ovenထဲသို့ မုန့်ဗန်းကိုထဲ့ပြီး ၁၅ မိနစ်မှမိနစ်၂၀အတွင်း ဖုတ်ပေးပြီးရင် စားချင့်စဖွယ် cracker လေးများရပါပြီ။

Cracker လုပ်ရန်ပြင်ပါမယ်
ပထမဆုံးဂျုံ သကြားနှင့်ဆားတို့ကိုရောကာ မွှေပါ
ပြီးမှဆီနှင့်ရေကိုရောကာ မုန့်သားရအောင် နှဲပေးပါ
မုန့်သားကို ဒိုးလုံးရအောင်နှဲပေးကာ ရလာသောဒိုးလုံးကို
သုံးလုံးပြန်ခွဲပြီး cracker အခုငါးဆယ်ရအောင်
မုန့်လုပ်ရန်ပြင်ပေးပါ
ပထမဆုံး မုန့်သားကို ဒလှိမ့်တုံးနှင့် မလှိမ့်မီ
စားပွဲပေါ်သို့ ဂျုံမှုန့်အနည်းငယ်ဖြူးပေးပြီးမှ
မုန့်ဒိုးသားကိုတင်ကာ ဒလှိမ့်တုံးနှင့် လှိမ့်ပေးပါ
ဒလိမ့်တုံးနှင့် လှိမ့်နေစဉ် မုန့်သားကို ပါးနိုင်သမျှပါးအောင်
လှိမ့်ပေးပါ လှိမ့်ပေးနေစဉ် ပြန်ပြန်ပြီး ကျုံ့သွားတတ်တဲ့အတွက်
အသာလေးချော့ပြီး လှိမ့်ပေးပါ
လိုချင်သော အနေအထားသို့ရောက်ပါက ဂျုံပြားကို
ရေအနည်းငယ်စွတ်ပြီှးနှမ်းစေ့ poppyစေ့ နှင့်ဆားတို့တို့ကို
ဖြူးပေးပါ ပြီးမှ လိုချင်သော ပုံစံလေးများရအောင်
လှီးဖြတ်ပေးပါ ကျန်ဒိုးလုံးများကိုလဲ ထိုနည်းအတိုင်း လုပ်ပေးပါ
မုန့်ဖုတ်မည့်ဗန်းထဲသို့ baking paper ခင်းကာ
ထိုဗန်းထဲသို့ ဖြတ်ထားသော မုန့်သားများကို
အသာလေးကော်ထဲ့ပေးပါ မုန့်ဖုတ်ရာတွင်
မုန့်သားများအကျက်ညီစေရန်
ထိုမုန့်သားလေးများကို ခရင်းနှင့် သုံးလေးချက်လောက်
လိုက်ပေါက်ပေးပါ
မုန့်မဖုတ်ခင် မိနစ်နှစ်ဆယ်လောက်ကကြိုပြီး
320ဒီဂရီအားဖြင့် မီးဖွင့်အပူပေးထားသော ovenထဲသို့
မုန့်ဗန်းကိုထဲ့ပြီး ၁၅ မိနစ်မှမိနစ်၂၀အတွင်း ဖုတ်ပေးပြီးရင်
စားချင့်စဖွယ် cracker လေးများရပါပြီ။