Friday 19 April 2013

သီးသုံ ပဲကုလားဟင်း



ဒီနေ့တော့ ငှက်ပျောသီးစိမ်းနဲ့ သီးစုံပဲဟင်းချက်နည်း တင်ပေးလိုက်တယ် ငှက်ပျောသီးအစိမ်းနဲ့ ချက်ထားတာမို့ စားရတာ စေးထန်းထန်းလေးနဲ့ စားလို့အရမ်းကောင်းပါတယ် မစားဖူးသူများအတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. အစေ့မပျောက်အောင် ပြုပ်ထားသော ကုလားပဲခြမ်း - ဟင်းပြင်ပန်ကန် တစ်လုံးစာ
  2. ငှက်ပျောသီးအစိမ်း - နှစ်လုံး
  3. အာလူး - နှစ်လုံး
  4. ဒန့်ဒလွန်သီး - လေးတောင့်
  5. မုံလာဥ - တပင်
  6. ပျဉ်းတော်သိမ်းရွက် - ၇ခက်
  7. ငရုတ်သီးမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ချင်း - လက် တစ်ဆစ်လောက်
  9. ကြက်သွန်နီ - တစ်ခြမ်း
  10. ကြက်သွန်ဖြူ - သုံးမွှာ
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  12. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  13. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  14. မကျီးသီးအနှစ် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
  16. ရေ - တရုတ်ဟင်းရည်သောက်ပန်းကန် နှစ်လုံး


ပြင်ဆင်ပုံ


ပဲနှင့် သီးစုံချဉ်ရည်ဟင်းရန်


လိုအပ်သလို ပြင်ဆင်ထားပါ


ကြက်သွန်ဖြူ ချင်း ကြက်သွန်နီနှင့် ငရုတ်သီးမှုန့်တို့ကို 
အရင်ဆုံးမွှေးလာတဲ့ထိဆီသတ်ပေးပြီးမှ 
ပျဉ်းတော်သိမ်းရွက်ကိုထဲ့ပြီး ဆီသတ်ပေးပါ


ပျဉ်းတော်သိမ်းရွက်အနံ့ မွှေးလာပါက ကျန်သော
အသီးအရွက်များနှင့် ငံပြာရည်တို့ထဲ့ပြီးဆီသတ်ပေးပါ


အသီးအရွက်များကို အိုးတစ်လုံးထဲသို့ ပြောင်းပြီးရေကို 
တရုတ်ဟင်းရည်သောက်ပန်းကန်နှစ်လုံးစာလောက်ထဲ့ပြီး
 ဆားနှင့်အရသာမှုန့်တို့ထဲ့ပြီး အသီးအရွက်များ 
နူးတဲ့ထိတည်ပါ အသီးအရွက်များနူးသွားမှ 
ပြုပ်ထားသောပဲနှင့် မကျီးနှစ်ကိုထဲ့ပြီး ဟင်းရည်ဆူအောင်
တည်ပေးပါ ဟင်းရည်ပွက်ပွက်ဆူလာပါက 
အရသာမြည်းပြီး လိုသလိုပြင်ပါ


ငှက်ပျောသီးနှင့်ပဲ သီးစုံချဉ်ရည်ဟင်း

4 comments:

  1. ရေလည် မိုက်တယ်ကွာ .. ဌက်ပျောသီးနဲ့ချက်တာ
    အခုမှဘဲ မြင်ဖူး၊ ကြားဖူးတော့တယ် အစ်မရေ..
    အရသာက ဘယ်လိုနေလဲဟင်အစ်မ.. ဖန်လား.. စိမ့်လား..
    ငါးခြောက်ကြော်လေးကလဲ စားချင်စရာ .. ^_^

    ReplyDelete
    Replies
    1. မန်ေဘူးညီမလေးရေ
      စေးထန်းထန်းလေးနဲ့ စားလို့အရမ်းကောင်းတယ်

      Delete
  2. ဌက်ပျောသီးနဲ့ ချက်တာ မစားဖူးဘူး ..
    အခွံပါ ထည့်ချက်ရတာလား မမမာ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. အခွံပါထဲ့ချက်နော် အခွံကပိုပြီးစားလို့ကောင်းတယ်

      Delete