Saturday 27 April 2013

ပုဇွန်ကင်

ပုဇြန္မံုလာဥနီဆီပူထိုး

စားလို့အရမ်းကောင်းတဲ့ ပုဇွန်ဆီပူထိုးလေးပါ မာမာတော ကြိုက်မိပြီဆိုရင် ခနခနပြန်ပြန် ချက်တတ်ပါတယ် မာမာ့ကလေးတွေပြောတဲ့ ဒေါ်နှစ်ခါချက်ဆိုတဲ့ နာမည်လေးကို ထိမ်းထားတဲ့အနေနဲ့ပေါ့  ကြိုက်ပြီဆို ထပ်ထပ်ချက်တတ်လို့လေ။

ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်တဲ့ ဟင်းလေးပါ ချက်ရတာလဲလွယ်ပါတယ်
ငရုတ်ကောင်းမှုန့်လေးထဲ့ပြီး ဆီပူထိုးထားလို့ မွှေးလဲအရမ်းမွှေးပါတယ် ငရုတ်ကောင်းက ပုဇွန်အနံ့ကို ထိမ်းပေးတဲ့အတွက် ပုဇွန်အနံ့မကြိုက်သူတွေအတွက် အရမ်းးအဆင်ပြေတဲ့ ပုဇွန်ထုတ်ဆီပူထိုး ဟင်းလေးပါ။

ထမင်းပူပူလေးနဲ့ စားကြဖို့ ပုဇွန်ဆီပူထိုးချက်နည်းလေး မျှဝေပါမယ်
ပါဝင်တာလေးတွေက
  • အခွံခွာပြီးကြောခွဲကာ အမဲကြောင်းထုတ်ထားသောပုဇွန် - 200g
  • ပါးပါးလှီးထားသောမုံလာဥနီ - နှစ်ဥ
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
ပုဇွန်အရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  • Parsley Flakes - လက်ဖက်ရည်ဇွန်း တဇွန်း (မရှိရင်မထဲ့လဲရပါတယ်)
မုံလာဥနီအရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ပုဇွန်ဆီပူထိုးဖို့ပြင်ပါတယ်


မီးအနေတော်နှင့်အပူပေးထားသောဆီပူမှာ ပုဇွန်ကိုတကောင်ချင်းထဲ့ပြီး
တဖက်ကျက်ရင်တဖက်ကို လှန်ပေးပါ လေးမိနစ်အတွင်း တဖက်စီလှန်လှန်ပေးရင်ရပါပြီ


ပုဇွန်ဆီပူထိုးလို့ကျန်နေတဲ့ဆီပူပူထဲမှာ မုံလာဥနီကိုထဲ့ပြီး
ခပ်ကြွတ်ကြွတ်လေးရအောင် တမိနစ်လောက် ဆီပူထိုးပေးပါတယ်


ပုဇွန်ဆီပူထိုးမွှေးမွှေးလေးရပါပြီ

4 comments:

  1. အစ်မက အရမ်းစားကောင်းတယ် ညွှန်းလို့ လုပ်စားဦးမယ် အစ်မရေ..
    ငါးကောင်းကောင်း မရှိတော့ ပုဇွန်ကိုဘဲ အမျိုးမျိုးလုပ်စား နေရတာဘဲ ..
    မနေ့က fb မှာတင်ထားတဲ့ မုန့်ဟင်းခါးလေးကလဲ စားချင်စရာနော်..
    အစ်မက ချက်တာ ပြုတ်တာ အရမ်းမြန်တယ်နော်.. ^_^

    ReplyDelete
    Replies
    1. စားချင်လာပြီဆို ဇွတ်ချက်ချင်းထပြီး လုပ်စားတတ်တဲ့အကျင့်ပါနေလို့ပါ ညီမလေးရေ

      Delete
  2. ဟင်းတွေက စားချင်စရာတွေချည်းပဲ မမမာရေ
    ဆန်ပြားကြော်လဲ ကြိုက်တယ် ကြော်စားဦးမယ် .း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. စားပါနော် မိုးစက်ဝိုင်ရေ

      Delete