Wednesday, 26 February 2025

ငှက်ပျောသီး ကောက်ညှင်းပေါင်း


မာမာ ဒီနေ့တော့ ငှက်ေပျာသီးနဲ့ ကောက်ညှင်းငချိတ်တို့ကို နှစ်မျိုးရောပြီး အုန်းနို့နဲ့ ပေါင်းထားတဲ့ ကောက်ညှင်းပေါင်း မွှေမွှေးစိမ့်စိမ့်လေးကို ပေါင်းဖြစ်ပါတယ်။

ကောက်ညှင်းပေါင်း မွှေးမွှေးစိမ့်စိမ့်လေးကို စိတ်ကူးရသလို ပေါင်းလိုက်ပြီး  စားဖို့ပြင်ဆင်ခဲ့အတွက် မာမာပေါင်းထားတဲ့ ကောက်ညှင်းပေါင်း နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငှက်ပျောသီး -  လေးလုံး
  2. ကောက်ညှင်းငချိတ် - နှစ်ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
  3. ရေ - 1200 ml (ကောက်ညှင်းပေါင်းအိုး အောက်ခံအိုးတွင် ထည့်ပေးရန် )
  4. အုန်းနို့ - 200 ml
  5. ပေါင်းအိုး - တစ်လုံး
  6. ကြွေဇလုံ  - တစ်လုံး
ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန် ဇလုံထဲမှာ ရေမြုပ်အောင်ထည့်ကာ ၆နာရီခန့် ရေစိမ်ထားပေးပါ
  • ရေစိမ်ထားချိန် ပြည့်တာနဲ့ ကောက်ညှင်းဆန်ကို ခပ်ဖွဖွလေး ရေဆေးပေးကာ ရေစစ်ပေးပါ
  • ရေစစ်သွားတာနဲ့ အုန်းနို့ နဲ့ ကောက်ညှင်းဆန် နှစ်မျိုးစလုံးကို ရောပြီး မွှေထားပေးပါ
  • ပြီးတာနဲ့ ကြွေဇလုံထဲမှာ ကောက်ညှင်းဆန်ကို ထည့်ပေးပြီး‌ ကောက်ညှင်းဆန် အပေါ်မှာ  ငှက်ပျောသီးကို အခွံခွာပြီး ထည့်ပေးပါ 
  • ပေါင်းအိုးအောက်ခံ အိုးထဲမှာ ရေထည့်ပြီး ပေါင်းခံဇကာကို တင်ပေးပါ
  • ထိုပေါင်းခံဇကာ အပေါ်မှာ ပြင်ထားသော ကောက်ညှင်းဇလုံကို ထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းအိုးမှ ပေါင်းမည့်ခလုတ်နှိပ်ပြီး မိနစ်၂၀ ချိန်ပေးကာ ပေါင်းပေးပါ
  • ကောက်ညှင်ပေါင်းချိန် ပြည့်တာနဲ့ ပေါင်းအိုးထဲမှာ  လက်ကျန်အပူရှိန်နဲ့ ဆယ်မိနစ်လောက် နှပ်ပေးထားပါ
  • ပြီးတာနဲ့ အုန်းနို့နဲ့ ငှက်ပျောသီးနံ့ မွှေးမွှေးလေးနဲ့  ကောက်ညှင်းပေါင်း ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment