Monday, 3 February 2025

မုန့်ဆန်းနယ်

 


မာမာတို့ ငယ်ငယ်တုန်းက စားနေကျ ကောက်ညှင်းစပါး နုနုလေးတွေကို လှော်ပြီးထောင်းထားတဲ့ မုန့်ဆမ်းအစစ်လေး စားချင်ပေမဲ့ မုန့်ဆမ်းအစစ်က မရလေတော့ ရှိတာလေးနဲ့ အာသာပြေ နယ်စားဖြစ်တဲ့ မုန့်ဆမ်းနယ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မုန့်ဆမ်း - တရုတ်ဟင်းပြင်ပန်းကန် အလတ်တစ်လုံးစာ
  2. သကြား - ချင့်ချိန်ထည့်ပါ
  3. အုန်းသီးခြစ်ပြီးသား - တရုတ်ဟင်းပြင်ပန်းကန် အသေးတစ်လုံးစာ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ပွက်ပွက်ဆူနေသော ရေနွေး - လိုသလောက်

ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ရေနွေးမှလွဲပြီး ပါ၀င်ပစ္စည်းများ ထည့်ပေးပါ
  • ရေနွေးအနည်းငယ်ကို ပွက်ပွက်ဆူအောင် တည်ထားပါ
  • ရေနွေးဆူလာတာနဲ့ အရသာနယ်ရန် မုန့်ဆမ်းထဲသို့ နည်းနည်းခြင်း ထည့်ပေးပါ
  • ရေနွေးနည်းနည်းထည့်လိုက် နယ်လိုက်လုပ်ပေးပြီး မုန့်ဆမ်းပျော့လာတဲ့အထိ နယ်ပေးပါ
  • ရေနွေးကို တစ်ခါထဲ အများကြီး မထည့်ဘဲ နည်းနည်းခြင်းသာ ထည့်နယ်ပါ
  • မုန့်ဆမ်းပျော့လာတာနဲ့ အချိုအရသာ လိုသလို ပြင်ပေးပါ
  • အစထဲက စိမ့်စိမ့်လေး ကြိုက်ရင် သကြားကို အနေတော်သာ ထည့်နယ်ပေးပါ
  • ချိုချိုလေး ကြိုက်ရင်တော့ သကြားကို ပိုထည့်ပြီး နယ်ပေးပါ
  • အုန်းသီးမှုန့် သကြား မုန့်ဆမ်းအရသာနယ် နယ်ပြီးပြီ ဆိုရင်တော့ မုန့်ဆမ်းနယ် မွှေးမွှေးစိမ့်စိမ့်လေးကို စားသုံးရန် အဆင်သင့် ရပါပြီ။ 

No comments:

Post a Comment