မာမာဒီနေ့တော့ ရာသီဥတု အပြောင်းအလဲကြောင့် နေရတာ မကောင်းသလို နှာစေးချောင်းဆိုးလဲ ဖြစ်နေတော့ ထမင်းလဲ မစားချင်တာနဲ့ ဘဲရိုးလေးတွေ ဝယ်လာပြီး စွပ်ပြုပ်ပြုပ်ပါတယ်။
ငရုတ်ကောင်းမှုန့် နိူင်နိူင်လေးနဲ့ သောက်ရတာ သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဘဲရိုး - ကီလိုဝက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- ကြက်သွန်မိတ် - သုံးပင်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
- ချင်း - ခပ်ပါးပါး သုံးပြား
- ခေါက်ဆွဲပြုပ်ပြီးသား - လိုသလောက်
ချက်ပြုပ်ပြင်ဆင်ပုံ
- ဘဲရိုးကို အတုံးေလးေတွ တုံးပေးပြီး ရေဆေးကာ ရေစစ်ထားပါ
- ပြီးတာနဲ့ ဘဲရိုးများကို ဆား နှင့် အရသာမှုန့်တို့ ထည့်နယ်ပေးပါ
- ကြက်သွန်ဖြူနှင့် ချင်းကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- အရသာ နယ်ထားသော ဘဲရိုးများကို Pressure Cooker အိုးထဲသို့ ပြောင်းထည့်ပေးပါ
- Pressure Cooker အိုးထဲမှာ ဘဲရိုးများနှင့်အတူ ကြက်သွန်ဖြူ နှင့်ချင်းတို့ ထည့်ပြီး မိနစ်နှစ်ဆယ် တည်ပေးပါ
- မိနစ်နှစ်ဆယ် ပြည့်ပါက အသားများ နူးလာပါလိမ့်မယ်
- အိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ အိုးအဖုံးဖွင့်ကာ ရေကိုမိမိ နှစ်သက်သလောက် ထည့်ပေးပြီး ငါးမိနစ်ခန့် ပြန်တည်ပေးပါ
- ပြီးတာနဲ့ အိုးအဖုံး ပြန်ဖွင့်ပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ
- စွပ်ပြုပ်ပြင်ဆင်မည့် ပန်းကန်ထဲမှာ ခေါက်ဆွဲဖတ် ဘဲရိုးနှင့် စွပ်ပြုပ် အရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ် ထည့်ပေးကာ ကြက်ရိုးပြုပ် ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment