ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့အတွက် ထမင်းဝါဝါလေး ဖြစ်အောင် ထမင်းကြော် ကြော်တဲ့နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ငါးဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်ဥ - နှစ်လုံး
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
- ဆန်ကို ရေသုံးခါလောက် ဆေးပေးပါ
- ရေဆေးပြီးတာနဲ့ ရေ လေးဗူးနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
- ထမင်းကျက်တာနဲ့ ချက်ထားသော ထမင်းကို အအေးခံပြီး ဖွထားပါ
- ထမင်းများ ေအးလာတာနဲ့ ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့နဲ့ နယ်ထားပေးပါ
- ကြက်ဥကို ဇလုံတစ်လုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
- ကျန်ပါဝင် ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာပါ အရသာ နယ်ထားသော ထမင်းကို ထည့်ကြော်ပေးပါ
- ထမင်းများထဲ ဆီဝင်လောက်ပြီ ဆိုတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ အားလုံး အရသာ သမသွားပါက နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး မွှေပေးကာ တစ်မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ မွှေးပြီးစိမ့်နေတဲ့ ထမင်းဝါဝါ ထမင်းကြော်ကို စားသုံရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment