Thursday 5 September 2024

ငါးသားလေး အိုးကပ်ဟင်း

 


မာမာဒီနေ့တော့  ငါးသားလေးတွေ ဝယ်လာပြီး အိုးကပ်ဟင်းလေး ချက်ဖြစ်ပါတယ် ခေါင်းဖြတ်ပြီး အကြေးခွံဖယ် ဗိုက်ထဲက မလိုတာတွေ ဖယ်ရတာတော့ အချိန်ပေးရသလို 
ငါးအသားလေးတွေ ကြည်လာတဲ့အထိ ရေဆေးရတဲ့အတွက်လဲ အနည်းဆုံး ရေနဲ့ ဆယ်ခါလောက်တော့ ဆေးပေးရပါတယ်။

ဒါပေမဲ့လဲ ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ငါးသားလေး အိုးကပ်ဟင်း ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးသားလေး - ကီလိုဝက်
  2. ခရမ်းချဉ်သီး - အနေတော် သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  11. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက် တစ်လုံးစာ (ဟင်းချက်ရန်)
  12. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
  13. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  14. နံနံပင် - မိမိနှစ်သက်သလောက် ထည့်ပေးပါ
ပြင်ဆင်ပုံ

  • ငါးကို အကြေးခွံနှင့် မလိုတာတွေ ဖယ်ပေးပြီး သန့်စင်ကာ ရေဆေးပြီး ရေစစ်ပေးပါ
  • အားလုံးပြီးပါက ဆား ငံပြာရည် နနွင်းမှုန့်  အရသာမှုန့် တို့နဲ့နယ်ပေးထားပါ 
  • ငရုတ်သီးစိမ်းနဲ့ နံနံပင်ကို ရေဆေးထားပါ
  • ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေနှစ်ထပ်လောက်ဆေးပြီး ရေနွေးနှင့် စိမ်ထားပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ  ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့်ရောပြီး ညက်နေအောင် ထောင်းပေးပါ
ဟင်းချက်ရန်
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ကြက်သွန်များနှင့် ငရုတ်သီးအရောင်တင်မှုန့်ရောပြီး ထောင်းထားတို့ကို အတူထည့်ပြီး မွှေးလာအောင် ဆီသတ်ပါ
  • ဆီသတ်နံ့ မွှေးလာပါက ငရုတ်သီး ထောင်းထားသော ငရုတ်ဆုံကို ရေအနည်းငယ်နှင့် ကျင်းကာ ဆီသတ်တဲ့ အိုးထဲကို ထည့်ပေးပါ
  • ပြီးတော့မှ လှီးထားသော ခရမ်ငါးးချဉ်ကိုသီးကို ထည့်ပြီး မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေလာတာနဲ့ ငါးကိုထည်ငါးကိုပေးပါ
  • အသား မာလာတဲ့ထိ မမွှေဘဲ အိုးကိုလှုပ်ပြီး ဆီသတ်ပေးပါ
  • ငါးအသား မာလာပါက မန်ကျည်းသီးမှည့် အရည်ကို ငါးထဲမြုပ်အောင် ထည့်ပေးပါ
  • ရေဆူပြီး ဆီကျန်ရေကျန် အချိန်မှာ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်းနှင့် နံနံပင်တို့ကို အုပ်ပေးပါ
  • ငါးသားလေး ဆီပြန်ပြီး အိုးကပ်လာပါက အရသာ ချဉ်ငံစပ်လေး ရလာတာနဲ့ မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment