Tuesday 28 March 2023

ငရုတ်သီးစိမ်း ငပိချက်




ဒီနေ့တော့ အစပ်လေးတွေ စားချင်စိတ် ပေါ်လာတာနဲ့ ပုဇွန်သေးသေးလေးတွေကို ငရုတ်သီးသိမ်းနဲ့ ခပ်စပ်စပ်လေး ချက်ထားပါတယ် ချက်နည်းကတော့ အရင်ချက်နည်းတွေ အတိုင်းပါဘဲ ထမင်းမြိန်မြိန် စားနိူင်စေဖို့အတွက် ချက်နည်းလေး ထပ်မံပြီး မျှဝေလိုက်ခြင်းသာပါရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်အကောင်သေး - 300 g
  2. ငရုတ်သီးစိမ်း - စားနိူင်သလောက်
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
  8. ကြက်သွန်နီ - အနေတော် တစ်လုံး

ပြင်ဆင်ပုံ
  • ပုဇွန်ကို ရေဆေးပြီး အမြှီးနှင့်ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
  • ပုဇွန်များကို နနွင်းမှုန့်အနည်းငယ် ဆားအနည်းငယ်တို့နှင့် နယ်ထားပါ
  • ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
  • ကြက်သွန်နီကို နွမ်းရုံလေး ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းကို တစ်မိနစ်လောက် ထည့်မွှေပါ
  • ပြီးတာနဲ့ ပုဇွန်ကို အရောင်ပြောင်းသွားတဲ့အထိ ထည့်ကြော်ပါ
  • ပုဇွန်အရောင် ပြောင်းသွားတာနဲ့ အရသာမှုန့်နှင့် ငံပြာရည်ကို ထည့်ကြော်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
  • ရေပွက်ပွက် ဆူလာပါက အရသာမြည်း လိုသလို ပြင်ပေးကာ ရေအနေတော်လောက် ရပြီဆိုရင် မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ ရှူးရှူးရှဲရှဲ စားသုံးရန်နိူင်ရန် ပြင်ဆင်ပေးနိူင်ပါပြီ။

No comments:

Post a Comment