Saturday 25 March 2023

ထမင်းဆီပူထိုး မွှေးမွှေးလေး

 





မာမာ ဒီနေ့တော့ အိမ်မှာကျန်နေတဲ့ ထမင်းကြမ်းကို ပြစ်လိုက်ရမှာ သမျှောတဲ့အတွက် ထမင်းဆီပူထိုးလေး လုပ်စားဖြစ်ပါတယ်။

မုန့်ပဲသရည်စာအဖြစ် စားသုံးနိူင်သလို ထမင်းအနေနဲ့ စားလို့ရတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ ထမင်းဆီပူထိုး လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပိုနေသော ထမင်းကြမ်း 
  2. ဆား 
  3. အရသာမှုန့်
  4. ဆီ
  5. နှမ်းလှော်ပြီးသား
  6. မကပ်သော ဒယ်အိုး
ပြင်ဆင်ပြုလုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ မိမိတို့ အသုံးပြုမည့် ထမင်းကြမ်း အနည်းအများ အပေါ်မှ မူတည်ပြီး ဆား ဆီနှင့် အရသာမှုန့်တို့ကို သင့်ရုံထည့်ပြီး ထမင်းများကို ခပ်စေးစေးလေး ရလာတဲ့အထိ နယ်ပေးပါ
  • ပြီးတာနဲ့ မိမိနှစ်သက်တဲ့ ပုံစံခွက်လေးထဲမှာ ဖိသိပ်ထည့်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီထမင်းစားဇွန်း တစ်ဇွန်းထည့်ကာ အိုးကိုအပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနေတော်သို့ လျှော့ချပေးပြီးမှ ပုံဖော်ထားတဲ့ ထမင်းကို ထည့်ပေးပါ
  • ​အောက်ဖက်က ထမင်းချိုးနံ့လေး သင်းလာကာ ကြွတ်လာတာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပါ
  • ထမင်းချိုးနံ့လေး သင်းပြီးကြွတ်လာနဲ့ အိုးထဲမှ ဖယ်ပေးကာ ကျန်နေသော ထမင်းများ ကုန်တဲ့အထိ ဆီထမင်းစားဇွန်းထည့်လိုက် ပုံဖော်ထားတဲ့ ထမင်းခဲလေးထည့်လိုက် ကုန်တဲ့အထိ ဆီပူထိုးပေးပါ
  • အားလုံးလုပ်ပေးပြီးတာနဲ့ ထမင်းဆီပူထိုး အပေါ်မှာ နှမ်းလှော်မွှေးမွှေးလေး ဖြူးကာ စားသုံးဖို့ ပြင်ပေး နိူင်ပါပြီ။

No comments:

Post a Comment