Wednesday 27 March 2019

ချင်းချဉ်တည်နည်း











ဗီယက်နမ်ဈေးကို သွားကြရင်း ချင်းနုနုလေးတွေ တွေ့တာနဲ့ ဝယ်လာပြီး ချင်းချဉ်လေး တည်ဖြစ်ပါတယ် ကိုယ့်ဘာသာကို ချင်းချဉ်ကို တည်ပြီးစားတော့ သန့်သန့်လေး စားရသလို ကြာကြာလဲ အထားခံပါတယ်။

မာမာကတော့ မာမာ့အမေ အချဉ်တည်တဲ့ နည်းလေးနဲ့ တည်ပါတယ် အရမ်းအရမ်းကိုလဲ လွယ်ပါတယ် အချဉ်တည်တဲ့ အချိန်မှာ တစ်ချက်လေးဘဲ သတိထားရမှာက ဖန်ပုလင်းနဲ့တည်တာအကောင်းဆုံးပါဘဲ။

 ကြွေပန်းကန်နဲ့တည်တဲ့အခါမှာ ကြွေအကောင်းစား အရည်အသွေး ပြည့်မှီတဲ့ကြွေဆိုရင် ပြသနာမရှိပေမဲ့ အရည်အသွေး မပြည့်မှီတဲ့ ကြွေဆိုရင် တည်မိတဲ့ အချဉ်ကြောင့် အဆိပ်အတောက်ကို ဖြစ်စေပါတယ် ဒါကြောင့်မို့လို့ မာမာတည်တဲ့ ချင်းချဉ်တည်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ချင်းနု - သုံးဆယ်သား
  2. ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်း
  3. သုံပုရာသီး အနေတော် - နှစ်လုံး

ပြင်ဆင်ပုံ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ရေစစ်ထားပါ
  • ရေစစ်သွားပါက အခွံခွာသည့် ဒါးနှင့်  ခပ်ပါးပါးလေးတွေ ရအောင် လှီးပေးပါ
  • ချင်းပြားလေးတွေ လှီးပြီးပါက ဇလုံတစ်လုံးထဲထည့်ကာ ဆားနှင့်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ
  • ဆားနှင့်နယ်ပြီး နှပ်ထားပြီးပါက ထွက်လာသော ချင်းရည်များကို ညှစ်ထုတ်ပေးပါ
  • ထိုချင်းရည်ကို လေလုံအိတ်ထဲထည့်ပြီး ရေခဲသေတာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပါ
  • ထိုခဲထားသော ချင်းရည်ကို ဟင်းချက်ရာမှာ ပြန်သုံးနိုင်ပါတယ်
  • အရည်ညှစ်ပြီးသွားသော ချင်းဖတ်များကို သံပုရာရည် ညှစ်ထဲ့ပေးပါ
  • သံပုရာရည် ညှစ်ထားသော ချင်းများကို ဇလုံထဲမှာဘဲ သမအောင် နယ်ပေးပါ
  • အားလုံးသမသွားပါက ချင်းအရောင် အနည်းငယ် ပြောင်းလာပါလိမ့်မည်
  • အရောင်ပြောင်းလာတာနဲ့ ဖန်ပုလင်း သန့်သန့်ထဲထည့်ပြီး ရေခဲသေတာထဲမှာ သိမ်းထားပေးပါ
  • နောက်တစ်နေ့မှာ  ချင်းချဉ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို သုံးဆောင်လို့ ရပါပြီ။

No comments:

Post a Comment