Sunday 24 March 2019

မြင်းခွာရွက်ကြော်









ဒီနေ့တော့ အေးရှန်းဆိုင်က မြင်းခွာရွက်လေးတွေ ရလာတာနဲ့ သုပ်စားတာ တမုန်း ဖြစ်သွားခဲ့တယ် ဒါကြောင့်မို့လို့ တစ်မျိုးပြောင်းကာ သတ်သတ်လွတ်လေးတွေ စားလို့ရအောင်  မြင်းခွာရွက်ကြော် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မြင်းခွာရွက် - လက်တစ်ဆုတ်စာ တစ်စည်း
  2. တန်ပူရာမှုန့် - 150 g တစ်ထုတ်
  3. ရေ - လိုသလောက် သုံးပါ
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. ဆီ - လိုသလောက်

ကြော်ဖို့ပြင်ရန်
  • ဇလုံတလုံးထဲမှာ တန်ပူရာမှုန့်  ဆား အချိုမှုန့်တို့ကိုရေနည်းနည်းချင်းထည့်ကာ ရောပေးပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • မုန့်နှစ်ပျစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
  • ရေကို လိုတိုးပိုးလျှော့ လုပ်ပေးပါ
  • မြင်းခွာရွက်ကို ရေစင်အောင်ဆေးပြီး ရေစစ်ကာ အနေတော်အစည်းလေးတွေ စည်းထားပေးပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ မြင်းခွာရွက်စည်းကို တစ်စည်းခြင်း နှစ်ပေးပါ
  • ဒယ်အိုးခပ်ပြန့်ပြန့်ထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မုန့်နှစ်ထဲ နှစ်ထားသော မြင်းခွာရွက်စည်းကို ဆီအိုးထဲ ထည့်ပေးပါ
  • အကြော် ကြော်နေစဉ် မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  • ဆီစစ်သွားပါက မြင်းခွာရွက်ကြော် ကြွတ်ကြွတ်လေးကို နှစ်သက်ရာ အချဉ်နဲ့ စားလို့ရပါပြီ။

No comments:

Post a Comment