Friday 29 March 2019

အုန်းနို့သာကူကျို






















အချိုပွဲအတွက် ဒီနေ့တော့ ကန်စွန်းဥနဲ့ အုန်းနို့ ချိုစိမ့်စိမ့်လေး ကျိုဖြစ်ပါတယ် ကျိုနည်းလေးက အရမ်းကို လွယ်ပါတယ် ဒါပေမဲ့ ကိုယ်အသုံးပြုမဲ့ ကန်စွန်းဥများက နူးချိန်မတူနိူင်တဲ့အတွက် ကန်စွန်းဥ ပြုပ်ချိန် အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ပြုပ်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ

ကန်စွန်းဥ - အရောင် သုံးမျိုး
အုန်းနို့ - ၄၀၀ မီလီမီတာ (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )
သကြား - ထမင်းစားဇွန်း ၆ဇွန်းမောက်မောက် (အချိုကြိုက်လျှင် ပိုထည့်ပါ)
အုန်းသီးဖတ် - မိမိနှစ်သက်သလောက်
ကောက်ညှင်းမှုန့် - လိုသလောက်သုံးပါ
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ရေ - ၁၂၀၀ မီလီမီတာ (အုန်းနို့နှင့်ရောကျိုရန်)

ပြင်ဆင်ပုံ
ကန်စွန်းဥကို အခွံခွာပြီး ရေဆေးထားပါ
ရေဆေးပြီးတာနဲ့ ပုံပါအတိုင်း အတုံးလေးတွေ တုံးပေးထားပါ
ကောက်ညှင်းမှုန့်ကို ဇလုံတလုံးထဲမှာထည့်ပြီး ပြင်ထားပါ။
ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
ရေဆူလာတာနဲ့ ကန်စွန်းဥ တစ်မျိုးစီကို သပ်သပ်စီ ပြုပ်ပေးပါ 
ပြုပ်ထားသော ကန်စွန်းဥ နူးမနူးကို ဆယ်ကြည့်ပြီး အရမ်းမနူးခင် ဇကာတစ်ခုနှင့် ဆယ်ပေးပါ
ဆယ်ပြီးတာနဲ့ အသင့်ပြင်ထားသော ကောက်ညှင်းမှုန့်ထဲထည့်ပြီး လှိမ့်ပေးပါ
ထိုနည်းအတိုင်း ကျန်နေသော ကန်စွန်းဥ နှစ်မျိုးကိုလဲ ပြုလုပ်ပေးပါ
အသုံးသော ကန်စွန်းဥများ တစ်ခုနှင့်တစ်ခု မတူနိူင်သောကြောင့် ကန်စွန်းဥပြုပ်ချိန် တစ်ခုနှင့်တစ်ခု မတူနိူင်ပါ
ကန်စွန်းဥများ အဆင်သင့်ဖြစ်တာနဲ့ ဇောက်နက်သော အိုးတစ်လုံးထဲမှာ အုန်းနို့ သကြား ဆားနှင့်ရေတို့ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
အုန်းနို့များ ပွက်ပွက်ဆူလာတာနဲ့ ကောက်ညှင်းမှုန့် လူးထားသော ကန်စွန်းဥများနှင့် အုန်းသီးဖတ်များကို ထည့်မွှေပေးပါ
လေးမိနစ်လောက် ပွက်ပွက်ဆူအောင် တည်ပေးပြီးတာနဲ့ မီးပိတ်ပေးပါ
ပြီးတာနဲ့ ကန်စွန်းဥ အုန်းနို့ကျို ချိုချိုစိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment