Tuesday 19 December 2017

ကြက်သားဆုတ်ကြော်







တကယ်တမ်းကျတော့ အိမ်လုပ်ဟမ်ဘာဂါလေး လုပ်စားချင်တာနဲ့ ကြက်သားကို နုတ်နုတ်စင်းကာ ကြက်သားဆုတ်ကြော်လေး လုပ်ဖြစ်ပါတယ် လုပ်ရတာ လွယ်ကူသလောက် စားလို့ကောင်းတဲ့ အသားဆုတ်ကြော်လေးမို့လို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ

  1. ကြက်သား- 600 g
  2. ပေါင်မုန့်ခြောက် အမှုန့် - ထမင်းစားဇွန်း လေးဇွန်း
  3. ကြက်ဥ - နှစ်လုံး 
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ကြက်သွန်နီ - အနေတော် တစ်လုံး 
  8. ကြက်သွန်ဖြူ -  လေးမွှာ
  9. ကြက်သွန်မိတ် - နှစ်ပင်
  10. Baking paper - နှစ်လက်မပါတ်လည်အရွယ် လေးရွက်
  11. ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
ပြင်ဆင်ပုံ
  • ကြက်သားကို အရိုးများဖယ်ပြီး နုတ်နုတ်စင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်နုတ်နုတ် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြက်ဥကို ဇလုံတစ်လုံးထဲ ဖောက်ထည့်ပြီး အမြုပ်ထလာတဲ့ထိ ခလောက်ထားပါ
  • Baking paper ကို ပုံပါအတိုင်း ပြင်ထားပါ
  • ဇလုံတစ်ခုထဲမှာ ကြက်သား ပေါင်မုန့်ခြောက်အမှုန့် အရသာမှုန့် ကြက်ဥ ကြက်သွန်မိတ် ဆား ငရုတ်ကောင်းမှုန့် ကြက်သွန်ဖြူ  ကြက်သွန်နီ အားလုံးကို သမအောင် ရောနယ်ပေးပါ
  • ပြီးပါက နှစ်လက်မ အရွယ်လောက် အသားအ၀ိုင်းပြား လေးပြားလုပ်ပေးပါ
  • အသားပြားကို လက်ဝါးပေါ်တင်ပြီး ခပ်ဝိုင်းဝိုင်း ခပ်ထူထူ အနေအထားရအောင် လုပ်ပေးပါ
  • တစ်ခုပြီးတာနဲ့ baking paper ပေါ်တင်ထားပါ
  • အားလုံးပြီးတာနဲ့ ရေခဲသေတာ မခဲသော အကန့်ထဲမှာ ၄နာရီလောက် ထည့်ပေးထားပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို မီးအနေတော်နှင့် အပူပေးပြီး အိုးပူလာမှ ဆီထည့်ကာ အသားပြားများကို ထည့်ပေးပါ
  • အသားပြားများ ထည့်ပြီးတာနဲ့ ဒယ်အိုးကို အဖုံးအုပ်ပေးထားပါ
  • မကြာ မကြာ အိုးအဖုံးဖွင့်ပေးပြီး တစ်ဖက်တစ်ခါ လှည့်ပေးကာ အညှိရောင် သန်းလာသည် အထိ ကြော်ပေးပါ
  • အညိုရောင် သန်းလာပါက မိမိနှစ်သက်သလို ဟမ်ဘာဂါသော်လည်းကောင်း ဒီအတိုင်းသော်လည်းကောင်း စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment