Tuesday, 5 December 2017

ထောပါတ်နံ့သင်းနေတဲ့ ဂဏန်းဟင်း







အခုရက်ထဲ အလုပ်တွေများနေတာရယ် စာမေးပွဲတွေ ရှိနေတာရယ်ကြောင့် ဘလော့ဆီမှာ ဘာမှမတင်ဖြစ်ခဲ့တာ ကြာသွားပါတယ် ဒီနေ့တော့ ထောပါတ်နဲ့ ချက်ထားတဲ့ ဂဏန်းဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ် ချက်နည်းကတော့ အရင်ချက်နည်းတွေနဲ့ အတူတူပါဘဲရှင်။

ပါဝင်ပစ္စည်းများ

  • ဂဏန်း  - ကီလိုဝက်သာသာ၂ ကောင် 
  • ငရုတ်သီး အရောင်တင်မှုန့်  - လက်ဖက်ရည်ဇွန်း တဇွန်းသာသာ
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ 
  • ကြက်သွန်နီ - အနေတော် တဥ 
  • အချိုမှုန့်  - လက်ဖက်ရည်ဇွန်း တ၀က်
  • မကျည်းသီးမှည့် - အနည်းငယ် 
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငါးငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ  
  • မဆလာ - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ထောပါတ်ခဲ - ထမင်းစားဇွန်း ၃ဇွန်း
ပြင်ဆင်ပုံ

  1. ဂဏန်းများကို ရေစင်အောင်ဆေးပြီး အပြင်ခွံနှင့်အတူ အပေါ်အခွံအောက်မှ ပါးဟက်များနှင့် မလိုသော နေရာများကို ဖယ်ပေးပါ
  2. ဂဏန်းကို ပက်လက်လှန်လိုက်ကာ ရေယက်သော ဘတ်လတ်လေးကို လှန်လိုက်ပြီး ကပ်ကြေးနှင့် ညှပ်ကာ ဖယ်ပေးပါ
  3. ဂဏန်းကို မှောက်ခုံပြန်ထားပြီးပါက အရှေ့ဖက်မှာ မျက်လုံးနေရာကို ကပ်ကြေးနှင့်ညှပ်ပြီး ဖယ်ပေးပါ
  4. အပေါ်ခွံကို လှန်ပေးပြီး အောက်ဖက်မှ ပါးဟက်ဖြူဖြူများကို ဖယ်ထုတ်ပေးပါ
  5. အားလုံး သန့်စင်ပေးပြီးပါက ဂဏန်းများကို အနေတော် ခုတ်ပိုင်းပေးကာ ဇလုံတလုံးထဲ ထည့်ပေးပါ
  6. သန့်စင်ထားသော ဂဏန်းများကို ဇလုံတလုံးထဲထည့်ပြီး ဆား ငံပြာရည် နနွင်း အချိုမှုန့်တို့ကို ပြင်ထားပါ
  7. ကြက်သွန်ဖြူ ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ်လှီးပေးပါ
  8. ငရုတ်သီးမှုန့်ကို ပြင်ထားပါ
  9. မကျည်းသီးမှည့်ကို ရေအနည်းငယ်နှင့် စိမ်ထားပါ
  10. ထောပါတ်ခဲနှင့်အတူ ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
ချက်ပြုတ်ရန် ပြင်ဆင်ပုံ

  1. ဒယ်အိုးကို အပူပေးပါ
  2. ဒယ်အိုးပူလာတာနဲ့ ထောပါတ်ခဲကိုထည့်ပါ
  3. ထောပါတ်ဆီ ပူလာတာနဲ့ နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးမှုန့်တို့ကို ထည့်ပြီးဆီသတ်ပါ
  4. ဆီသတ်နံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဂဏန်းကို ထည့်ပြီးမွှေပေးပါ 
  5. ပြီးတာနဲ့ ဇောက်အနည်းငယ်နက်သော အိုးထဲသို့ ဆီသတ်ထားသော ဂဏန်းကို ပြောင်းထည့်ပေးပါ
  6. အိုးထဲကို ထည့်ပေးကာ အထက်အောက် သမအောင် ၃ချက်လောက် ထည့်မွှေပါ
  7. ပြီးတာနဲ့ ရေမြုပ်အောင် ထည့်ပြီး အဖုံးအုပ်၍ တည်ပေးပါ
  8. ရေမခမ်းခင် မကျည်းမှည့် အရည်ထည့်၍ သမအောင် မွှေပေးပြီး အရသာမြည်းကာ မဆလာ အုပ်ပေးပါ
  9. အရသာ လိုသလို ပြင်ပေး၍ ရေမခမ်းခင် မီးပိတ်ပေးပြီး ဂဏန်းထောပါတ် မဆလာဟင်း မွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ

No comments:

Post a Comment