Friday 8 January 2016

ပင်လယ်စာ အသုပ်



ဒီနေ့တော့ စားမြန်ဟင်းလေး တစ်မယ်ဖြစ်တဲ့ ပင်လယ်စာ အစုံသုပ် ချဉ်ငံစပ်လေး သုပ်စားဖြစ်လို့ ဘလော့လာ မိတ်ဆွေတွေအတွက် မာမာပြင်ဆင်ထားတဲ့ သုပ်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပင်လယ်စာအစုံ - 250 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. ခနောကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ဂေါ်ဖီ - တစ်စိတ်
  6. နံနံပင် - နှစ်သက်သလောက်
  7. သံပုရာသီး - တစ်စိတ်
  8. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  9. ခရမ်းချဉ်သီး - အနေတော် တစ်လုံး
  10. ငရုတ်သီးအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  1. ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  2. ဂေါ်ဖီကို ပါးပါးလှီးပြီး ရေဆေးထားပါ
  3. ခရမ်းချဉ်သီးကို ပါးပါးလှီးထားပါ
  4. ငရုတ်သီးစိမ်းကို ပါးပါးလှီးထားပါ
  5. နံနံပင်ကို အနေတော် လှီးထားပါ
  6. ရေ အနေတော်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
  7. ရေဆူလာတာနဲ့ဆားထည့်ပြီး ပင်လယ်စာများကို ၃မိနစ်လောက် ထည့်ပြုပ်ပေးပါ
  8. ၃မိနစ်ပြည့်တာနဲ့ ရေသွန်ပြီး ပင်လယ်စာများကို အအေးခံလိုက်ပါ
  9. ပင်လယ်စာများ အေးလာတာနဲ့ ကြက်သွန် ဂေါ်ဖီ နံနံပင် ငရုတ်သီးစိမ်း ခရမ်းချဉ်သီး ကြက်သားမှုန့် ငရုတ်သီးအကျက်မှုန့်တို့ထည့်ကာ သံပုရာရည်ညှစ်ပြီး အသုပ်ကို ခပ်ဖွဖွနယ်ကာ အသုပ်ပွဲကို ပြင်ဆင်နိုင်ပါပြီ။

1 comment: