Wednesday, 6 January 2016

ပန်းသီးသုပ် ချဉ်ငံစပ်


နေ့လည်နေ့ခင်း အပျင်းပြေ အစာပြေ စာလို့ကောင်းလွန်းတဲ့ ပန်းသီးစိမ်း အသုပ်လေးပါ သရက်သီးစိမ်း မရှိတဲ့ အချိန်မှာ သရက်သီးအစား သုပ်စားကြည့်စေချင်ပါတယ် လျှာလည်သွားပြီ ဆွေမေ့မျိုးမေ့ ဖြစ်စေမဲ့ အသုပ်လေးပါ။

ပါဝင်ပစ္စည်းများ

  • ပန်းသီးစိမ်း - တလုံး
  • ပုဇွန်ခြောက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းမောက်မောက်
  • ပဲအကျက်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • ငရုတ်သီး အလှော်မှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
ပြင်ဆင်ပုံ
  1. ပန်းသီးကို အခွံခွာပြီး ဓါးနှင့်တလုံးလုံးကို အရှည်လိုက် လိုက်ပေါက်ပေးပါ
  2. ပေါက်ထားသော ပန်းသီးကို အရှည်လိုက် အသားကုန်တဲ့ထိ ခပ်ပါးပါး လှီးချပါ
  3. ဇလုံတလုံးထဲထည့်ပြီး ငရုတ်သီးမှုန့် ငံပြာရည် ပုဇွန်ခြောက်မှုန့် ပဲမှုန့်တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
  4. နယ်ပြီးပါက အရသာမြည်းပြီး လိုသလိုပြင်ကာ ချဉ်ငံစပ် လျှာဂျွမ်းပြန် ပန်းသီးသုပ်လေး သုံးဆောင်နိုင်ပါပြီ။



No comments:

Post a Comment