Sunday 27 October 2013

ပြည်ကြီးငါး အချိုကြော်

ပြည်ကြီးငါး အချိုချက်
ပြည်ကြီးငါး ချက်နည်းလေးသိချင်လို့ မေးလာတဲ့သူတွေ အတွက်ပါ ပြည်ကြီးငါးတို့ရဲ့သဘာဝ ရေငံငါးမို့နဲနဲလေး အနံ့ရှိပါတယ် သူ့ကိုအနံ့ပျောက်အောင် အရင်ဆုံး သံပုရာရည်နဲ့နယ်ပြီးဆေးပါတယ် ပြီးမှအရသာများနယ်ကာ ဆယ်မိနစ်လောက် နှပ်ထားပြီးမှချက်ပါတယ်။

ဆီသတ်ပြီးမှ ချက်ထားတာလေးမို့ ငါးအနံ့ပိုပြီး ပျောက်စေတာတော့အမှန်ပါ ချက်စားကြည့်စေချင်ပါတယ်။

ပါဝင်တာလေးတွေက
  • သန့်စင်ပြီး အနေတော်ပိုင်းဖြတ်ထားကာ မွှန်းထားသောပြည်ကြီးငါး - 300g 
  • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တလုံး
  • မညက်တစ်ညက် ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ညက်နေအောင် ထောင်းထားသောချင်း - လက်တဆစ်ခန့်
  • ဆီ - ထမင်းစားဇွန်း လေးဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း 
  • ငံပြာရည် - ထမင်းစားဇွန်း တဝက်
ငါးအရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • အရသာမှုန့် လက်ဖက်ရည်ဇွန်း တဝက်သာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
ဟင်းချက်ရန်
  • ဆီကိုအရင်ဆုံးအပူပေးပြီးဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပေးပါ
  • ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုထဲ့ပြီးမွှေးလာတဲ့ထိဆီသတ်ပေးပါ
  • အရသာနယ်ထားသောပြည်ကြီးငါးကိုထဲ့ပြီးဆီသတ်ပေးပါ
  • ဆီသတ်ပြီးတာနဲ့ငံပြာရည် နှင့်အရသာမှုန့်တို့ကိုထဲ့ပြီးငါးမှထွက်လာသောရေခမ်းတဲ့ထိတည်ပေးပါ
  • ရေခမ်းကာနီးတာနဲ့ပဲငံပြာရည်ထဲ့ပြီးမွှေပေးပါ
  • ဆီပြန်တာနဲ့ပြည်ကြီးငါးဆီပြန်မွှေးမွှေးလေးရပါပြီ

5 comments:

  1. ဟင်းချက်နည်း တခုတိုးလို့ကျေးဇူးပါ

    ReplyDelete
    Replies
    1. လာလည်တဲ့အတွက်လဲ မာမာကကျေးဇူးတင်ပါတယ်နော် စံပယ်ချိုရေ..

      Delete
  2. ပြည်ကြီးငါးကို ဘယ်လိုသန်.စင်ရလဲ အစ်မ နည်းလေးပြောပြပေးပါ နေ.တိုင်းအစ်မ ဘလော.ကိုဝင်ဖတ်ဖြစ်တယ် comment သာမရေးဖြစ်တာပါ .
    ကျေးဇူးပါ

    ReplyDelete
    Replies
    1. ပြည်ကြီးငါးကို အထဲက မှင်အိတ်ကို အရင်ထုတ်ပေးပါ ပြီးရင်အစာအိတ်ကို ထုတ်ပေးပါ ခေါင်းနဲ့ကိုယ်သတ်သတ်စီဖြုတ်ပြီး သံပုရာရည် (သို့) ရှာလကာရည်နဲ့ဆေးပေးပါ ပြီးရင်ရေနဲ့ဆေးပြီး အကောင်လိုက်ဖြန့်ပြီး ကန့်လန့်လေးတေါမွန်းပေးပါ ပြီးမှ အနေတော်လေးတွေပိုင်းလိုက်ရုံပါဘဲ..

      Delete
    2. ကျေးဇူးပါ အစ်မ ခုလိုရှင်းပြပေးလို.

      Delete