Friday 18 October 2013

ငါးပဲငပိ အချိုနှပ်


ဒီနေ့ချက်ဖြစ်တဲ့ ငါးကြော်နှပ်လေးပါ သီးရွက်စုံနဲ့ ပဲငပိထဲ့ထားလို့ ထမင်းတောြ့မိန်စေပါတယ် ချက်ရတာ လွယ်ပါတယ် ဒါပေမဲ့စားလို့ကောင်းတဲ့ ဟင်းလေးပါ။

ရှိတဲ့အသီးအရွက်တွေကို အဆင်ပြေသလို ထဲ့ချက်ထားတဲ့အတွက် နှစ်သက်ရာ ငါးလေးနဲ့ကြော်နှပ်လုပ်လို့ရပါတယ် မာမာကတော့ ကကတစ်ငါးလေးနဲ့ ချက်ထားပါတယ် မာမာ့ကလေးတွေပြောတဲ့ ကျန်စုရှင်း ငါးကြော်နှပ် ဟင်းချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ငါး - 400 g တစ်ကောင်ကိုသန့်ရှင်းအောင်ဆေးပြီး မွှန်းပေးထားပါ
  2. ပဲငပိ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  3. အသီးအရွက်များ နှစ်သက်သလို ထည့်ပေးပါ
  4. အကွင်းလိုက် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ -  သုံး မွှာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဝက်
  7. ချင်း - လက်မဝက်ခန့် ပါးပါးလှီးပေးပါ
  8. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ငါးအရသာနယ်ရန်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ကြော်နှပ်ရန်အတွက်
  • ဆီ- လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
  • မီးအနေတော်နှင့် ငါးတစ်ကောင်လုံး ကျက်စေရန် ကြော်ပေးပါ
  • ငါးကြော်ကျက်ပါက ဆယ်ပြီး ဆီစစ်ပေးထားပါ
အသီးအရွက်ကြော်ရန်
  • နောက်ထပ်အိုး အသန့်တစ်လုံးထဲမှာ ဆီထမင်းစားဇွန်း လေးဇွန်းကိုထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို မွှေးသွားအောင် ကြော်ပေးပါ
  • အသီးအရွက်များနှင့် အရသာမှုန့်ထဲ့ပြီး နှစ်မိနစ်လောက် ကြော်ပေးပါ
  • ပဲငပိထဲ့ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
  • အားလုံးကျက်သွားပါက ကြော်ပြီးဆီစစ်ထားသော ငါးကြော်ပန်းကန်ထဲသို့ထဲ့ပြီး သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

1 comment:

  1. စားချင်တယ် အစ်မရေ ..
    နေ့တိုင်းတော့ ဝင်ကြည့်ဖြစ်တယ် .. ^_^

    ReplyDelete