Monday 12 August 2013

ခရမ်းသီးနှပ်




မာမာဒီနေ့ချက်တဲ့ ခရမ်းသီး နှပ်လေးပါ ရာသီစာလေးလဲ ဖြစ်ရအောင်လို့ စပ်စပ်လေး ချက်ထားပါတယ် ရာသီဥတု အေးအေးလေးမှာ ငရုတ်သီးစပ်စပ်လေးနဲ့မှ လိုက်ဖက်မှာမို့ ပုဇွန်ခြောက်မှုန့် အနှစ်များများနဲ့ ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါ၀င်ပစ္စည်းများ

ခရမ်းသီး - အလုံးကြီးကြီးနှစ်လုံး
ကြက်သွန်ဖြူ - အမွှာ ကြီးကြီးသုံးမွှာ
ကြက်သွန်နီ - ဥကြီးကြီး တစ်လုံး
ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း သုံးဇွန်းခန့်
ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ငရုတ်သီးအစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ဆီ - ထမင်းစားဇွန်း လေးဇွန်း
ပြင်ဆင်ပုံ
ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
ကြက်သွန်ဖြူ  ကြက်သွန်နီ ငရုတ်သီးမှုန့် ဆား အရသာမှုန့် နနွင်းမှုန့်နှင့်ပုဇွန်ခြောက်မှုန့်တို့ကို  ဇလုံတစ်လုံးမှာ ရောနယ်ထားပေးပါ
 ခရမ်းသီးကို အညှာမဖြုတ်ဘဲ အညှာနားထိ လေးစိတ်စိတ်ပြီး ရေဆယ်မိနစ်လောက် စိမ်ထားပေးပါ
 ပြီးမှရေစစ်ပြီး  အားလုံးရောနယ်ထားသော အစာများကို ခရမ်းသီးစိတ်များကြားထဲ သွပ်ပေးပါ 
အစားသွပ်ပြီးသော ခရမ်းသီးများကို ဒယ်အိုးထဲတွင် ရေမြုပ်အောင်ထဲ့ပြီး ဆီထဲ့၍ အဖုံးအုပ်ပြီး တည်ထားပေးပါ 
ရေခမ်းပြီး ခရမ်းသီး နူးအိသွားရင် ခရမ်းသီးနှပ် စပ်စပ်အိအိလေးကို ထမင်းပူပူလေးနှင့် စားလို့ရပါပြီ။

6 comments:

  1. အရမ်းလိုက်ဘက်တဲ့ဟင်းတွေပဲ မမာ..
    စားချင်လိုက်တာ
    ပဲတီချဉ်ဆိုလည်း သိပ်ကြိုက်တာ... :)

    ReplyDelete
    Replies
    1. စူးနွယ်လေးရေ ကျွေးချင်ပါတယ်ညီမရေ
      အိမ်လုပ်ပဲတီချဉ်လေးမို့တို့လို့လဲအရမ်းကောင်းပါတယ်
      တစ်ကယ်ကိုဘဲကျွေးချင်မိပါတယ်.

      Delete
  2. အရမ်းကြိုက်တယ်အစ်မရေ ..
    ရန်ကုန်မှာဆို ခရမ်းသီးကို အစာများများနဲ့နှပ်ပြီး သရက်သီးစိမ်း တို့စရာနဲ့ စားတာ ..
    အရမ်းသတိရတယ် .. =_=

    ReplyDelete
    Replies
    1. ဟုတ်ပါ့နော် သရက်ကင်းပေါ်ချိန်ဆို ခရမ်းသီးနှပ်နဲ့သိပ်ပြီးလိုက်ဖက်တာဘဲ
      ညီမလေးပြောမှစားချင်သွားမိပြီ.

      Delete
  3. ခရမ်းသီးနှပ် ကြိုက်တယ်
    နှပ်ထားတာ အစာများများနဲ့ အိအိလေးနော်
    စားချင်လိုက်တာ မမမာရေ..
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. တစ်ကယ်ဘဲ ကျွေးချင်ပါတယ် မိုးစက်ဝိုင်ရေ

      Delete