Saturday, 17 August 2013

ကြက်သား အချိုကြော်

ကြက်သားအချိုကြော်
အခုတစ်လော အလုပ်များနေလို့တစ်နေ့တာဟင်းလေးတွေမတင်ဖြစ်တာကြာသွားပြန်ပါတယ် ဒီနေ့တော့ဟင်းအချိုစားတဲ့သူတွေအတွက် ကြက်ပေါင်လေးတွေကိုအရိုးထွင်ပြီးအသားလေးတွေ အနေတော်လှီးကာအချိုကြော်စီးစီးလေးကြော်ထားပါတယ် ။

ပထမဦးဆုံး ကြက်ပေါင်နှစ်ချောင်းကိုရေစင်အောင်ဆေးလိုက်ပါ
ရေဆေးပြီးတာနဲ့အလယ်ရိုးထုတ်ကာအနေတော်အတုံးလေးတွေတုံးပေးပါ အသားလေးတွေခြည်းဘဲရတာနဲ့သကြား ဆားတို့နဲ့နယ်ပေးပြီးငါးမိနစ်လောက်နှပ်ပေးထားပါ
ပြီးမှကော်မှုန့်ကိုအခြောက်အတိုင်းကြက်သားနဲ့လူးပြီးနှစ်မိနစ်လောက်ကြော်ပေးပါမယ်
ကြော်ပြီးသောအသားများကိုဆယ်ပြီးဆီစစ်ထားပါ
ဆီအသစ်ထဲ့ပြီးအရင်ဆုံးဆီပူလာတာနဲ့ကြက်သွန်နီကိုအရင်ထဲ့ပြီးသုံးလေးချက်လောက်မွှေလိုက်ပါ ပြီးမှမုံလာဥနီနဲ့ပန်းဂေါ်ဖီကိုထဲ့ပြီးတစ်မိနစ်လောက်ဘဲကြော်ပေးပြီးမှအသားထဲ့ပြီးနှစ်မိလောက်ပြန်ပေးပြီး နှမ်းထဲ့မွှေပြီးတာနဲ့ကြက်သားအချိုကြော်လေးရပါပြီ။
လိုအပ်တာတွေကတော့
ကြက်သားအရသာနယ်ရန်

  • အရိုးထုတ်ပြီးလှီးထားသောကြက်ပေါင် -  နှစ်ချောင်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သားကြော်ရန် ဆီလက်ဖက်ရည်ပန်းကန်လုံးတစ်ဝက်သာသာ
  • နှမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • လေးစိတ်စိတ်ထားသောကြက်သွန်နီ - တစ်ခြမ်း
  • ပါးပါးလှီးထားသောမုံလာဥနီ - အနည်းငယ်
  • အနေတော်လှီးထားသောပန်းဂေါ်ဖီ - အနည်းငယ်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်ခွဲ

2 comments:

  1. ကြက်သားအချိုကြော်လေး စားသွားပါတယ် ..
    ကြက်သားနဲ့ တန်ပူရာကြော်၊ ခရမ်းသီးနှပ်တွေလဲ လုပ်စားပြီးသွားပြီ အစ်မရေ .. ^_^

    ReplyDelete
  2. ခရမ်းခေါင်းသီးနှပ် စပ်စပ်လေးနဲ့အတူ အရိုးထွင်ပြီး ကြက်သားအချိုကြော်လေး အားပေးသွားတယ် မာမာရေ...
    အားလုံးကိုယ်စီမှာ ခေါင်းစဉ်မတူတဲ့ အလုပ်တွေရှုပ်နေကြတာ အသေအချာပဲ :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete