Friday 9 August 2013

ပဲကပ်ကြော် ရွရွအိအိလေး

ပဲကပ်ကြော်ရွရွ အိအိလေး



မာမာဟင်းချက်ရင် ခက်ခက်ခဲခဲနဲ့ ချက်ရတဲ့ ဟင်းတွေကို ချက်ခဲပါတယ် စားလို့လဲကောင်းနေရမယ် အိမ်တစ်အိမ်ရဲ့  မီးဖိုဆောင်မှာ အလွယ်လဲ ရှိနေတယ်ဆိုတဲ့ ပစ္စည်းတွေနဲ့ဘဲ ချက်တာများပါတယ်။




ပါဝင်ပစ္စည်းများ

  3. ရေ - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်စ်ခွက်နှင့်လက်တစ်လုံး
  4. တစ်ညအိပ်ရေစိမ်ထားသောပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့်တစ်ဝက်သာသာ
  5. မညက်တစ်ညက် ထောင်းထားသော ချင်း - တစ်လက်မ မရှိတစ်ရှိ
  6. မညက်တစ်ညက် ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  9. ဆီ - လိုသလောက် သုံးပေးပါ
  10. ရေကိုနဲနဲချင်း ထဲ့ပြီးနှဲပေးပါ အရမ်းမပျော့အောင် ဆန်မှုန့်အပေါ် ကြည့်ပြီးထဲ့ပေးပါ။


ချင်း ကြက်သွန်ဖြူ ဆားနှင့်အရသာမှုန့်တို့
ရောကာအရသာနယ်ထားသောကောက်ညှင်း
မှုန့်နှင့်ရေစိမ်ထားသော ပဲခြမ်း

မုန့်နှစ်ကို ကွမ်းသီးလုံးလောက် အရင်လုံးပြီးမှ
 လက်ဝါးပေါ်တင်ပြီးလက်မလေးနဲ့ပြားပေးပါ
 ပြီးမှနှစ်ဖက်စလုံးကို ပဲခြမ်းနှင့်ကပ်ပေးပါ

မီးအနေတော်နှင့်အပူပေးထားသော ဆီပူမှာကြော်ပေးပါ 
တစ်ဖက်ကျက်လျှင်တစ်ဖက်ကိုလှန်ပေးပါ 
ပဲခြမ်းနှင့်မုန့်သားများအရောင်ပြောင်းလာပြီး 
ရွရွလေးဖြစ်လာမှ ဆယ်ပြီးဆီစစ်ပေးပါ

မွမွနဲ့ရွရွအိအိလေး ဖြစ်နေတဲ့ ပဲကပ်ကြော်လေး ရပါပြီ

မာမာဒီနေ့တော့ ပဲကပ်ကြော်လေး ကြော်ထားပါတယ် အသားကောင်းကောင်း မစားတဲ့ကလေးအတွက် ရှာကြံချက်ရတဲ့ ဟင်းလေးဆိုပါတော့နော်။

့ဝါတွင်းကာလ သတ်သတ်လွတ် စားချင်သူတွေ အတွက်လဲ အဆင်ပြေတဲ့ အကြော်လေးမို့ မျှဝေလိုက်တာပါ ကြော်ရတာ လွယ်ပါတယ်။

မာမာဟင်းချက်ရင် ခက်ခက်ခဲခဲနဲ့ ချက်ရတဲ့ ဟင်းတွေကို ချက်ခဲပါတယ် စားလို့လဲကောင်းနေရမယ် အိမ်တစ်အ်ိမ်ရဲ့ မီးဖိုဆောင်မှာ အလွယ်လဲ ရှိနေတယ်ဆိုတဲ့ ပစ္စည်းတွေနဲ့ဘဲ ချက်တာများပါတယ်။

များသောအားဖြင့် အိမ်ရှင်မတွေက အလုပ်များကြတာ များပါတယ် ဒါကြောင့်မို့ လွယ်လွယ်နဲ့ စားကောင်းမဲ့ ဟင်းအမယ်လေးတွေဘဲ မြန်မြန်ချက်ချင်ကြမှာပါ။

မာမာကိုယ်တိုင်လဲ အမယ်တွေများပြီး ရှာရခက်တဲ့ ဟင်းချက်စရာတွေနဲ့ချက်ရတာကို သိပ်ဝါသနာ မပါတာလဲပါ ပါတယ်။

ဒါကြောင့်မို့ ဒီနေ့လဲ အိမ်တစ်အိမ်ရဲ့မီးဖိုဆောင်မှ ာအလွယ်ရှိတတ်တဲ့ ပစ္စည်းလေးတွေနဲ့ဘဲ စားကောင်းတဲ့ ပဲကပ်ကြော်လေး ကြော်ထားပါတယ်။

ပါ၀င်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုးဆန်ချင်ခွက် နှစ်ခွက်မောက်မောက်
  2. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
  3. ရေကျက်အေး - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့် လက်တစ်လုံးစာ
  4. ကုလားပဲခြမ်း - ထမင်းပေါင်းအိုးဆန်ချင်ခွက် တစ်ခွက်နှင့်တစ်ဝက်သာသာ
  5. ချင်း - တစ်လက်မ မရှိတစ်ရှိ
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  8. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  10. ဆီ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပြုလုပ်ပုံ
  • ကုလားပဲဆံကို ရေသုံးထပ်လောက် ဆေးပေးပြီး ရေခပ်များများလေးထည့်ကာ အနည်းဆုံး ခြောက်နာရီလောက် စိမ်ထားပေးပါ
  • ကောက်ညှင်းတို့ရဲ့ သဘာဝ ကြော်တဲ့အခါမှာ ပေါက်ထွက်တတ်ပါတယ်
  • ရေကို ပွက်ပွက်ဆူအောင် တည်ပေးပြီး အအေးခံပေးထားပါ
  • ဇလုံ တစ်လုံးထဲမှာ ကောက်ညှင်းမှုန့်နှင့် ဆန်မှုန့်ကို ရောကာ ရေကျက်အေးကို နည်းနည်းချင်း ထည့်ပေးကာ မုန့်သား ပျော့လာတဲ့အထိ နယ်ပေးပါ
  • မိမိတို့ အသုံးပြုကြတဲ့ ဆန်မှုန့်နှင့် ကောက်ညှင်းမှုန့်များ မတူညီနိူင်တဲ့အတွက် ရေကျက်အေးကို နည်းနည်းချင်း ထည့်နယ်ပေးပါ
  • မုန့်သား အပျော့အမာအတွက် ရေကျက်အေးကို လိုတိုးပိုလျှော့ လုပ်ပေးနိူင်ပါတယ်
  • မုန့်သားအနေအထားကို လက်ထဲမှာယူပြီး လေးငါးဆယ်ချက်လောက် ဆုတ်ကြည့်လိုက်တဲ့အခါမှာ မုန့်သားများ ကွဲမထွက်တော့ဘူးဆိုရင် မုန့်ညှက်အတွက် ရပါပြီ
  • ပြီးတာနဲ့ ဗူးထဲထည့်ကာ အဖုံးအုပ်ပေးကာ အနည်းဆုံး ခြောက်နာရီလောက် ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ထည့်ထားပေးပါ
  • မာမာကတော့ မနက်စောစောလေး ကြော်မှာ ဖြစ်တဲ့အတွက် ညဦးပိုင်းထဲက မုန့်သားနပ်အောင် နယ်ထားပါတယ်
အကြော်ကြော်ရန်
  • နောက်နေ့မနက် အကြော် မကြော်ခင်မှာ အကြော်ကြော်ဖို့အတွက် ပြင်ပါမယ်
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ အမျှင်ဖတ်လေးများ ကျန်တဲ့အထိ ထောင်းပေးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ညကနယ်ပြီး နှပ်ထားသော မုန့်ညှက် အရသာမှုန့် ကြက်သွန်ဖြူ ချင်း ဆိုဒါနှင့် ဆားတို့ထည့်ပြီး အရသာ သမအောင် ထည့်နယ်ပေးပါ
  • ညထဲက မုန့်ညှက်ရအောင် နယ်ထားတဲ့အတွက် အနည်းငယ် ခြောက်သယောင် ဖြစ်နေပါက ရေကျက်အေး နည်းနည်းထပ်ထည့်ပြီး နယ်ပေးပါ
  • ပြီးတာနဲ့ ၁၅မိနစ်လောက် နှပ်ထားပေးပါ
  • ရေစိမ်ထားသော ကုလားပဲဆံကို ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ကောက်ညှင်းမှုန့် အနည်းငယ် ဖြူးထားပေးပါ
  • မုန့်ညှက် နှပ်ထားတာ ရတာနဲ့ ပဲကပ်ကြော် တစ်ချပ်စာ ယူပေးပြီး လက်ထဲမှာ အရင်ဆုံး ဆုတ်ဆုတ်ပြီး လုံးပေးပါ
  • မုန့်သားလေး ညက်လာပြီဆိုရင် လက်ဝါးနှစ်ဖက်ကြားမှာ ညှပ်ပေးကာ မထူမပါး အနေအထား ခပ်ပြားပြားလေး ရလာအောင် ပြားပေးထားပါ
  • မုန့်ညှက်ကလေး တစ်ခုရတိုင်း ရေစစ်ထားသော ကုလားပဲဆံထဲမှာ ပဲများကပ်သွားအောင် လူးပေးပါ
  • ပြီးတာနဲ့ လက်ဝါးနှစ်ဖက်ကြားမှာ ထည့်ပြီး ပဲများကပ်သွားအောင် အသာလေး ဖိပေးပါ
  • ပြီးတာနဲ့ ကောက်ညှင်းမှုန့် ့ဖြူးထားသော ပန်းကန်ပြားထဲမှာ တစ်ခုနှင့်တစ်ခု မထိအောင် ထည့်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီခပ်များများ ထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကို အနေတော်လောက်ထိ လျှော့ပြီးမှ ပဲကပ်ထားသော မုန့်ညှက်ကိုယူကာ တစ်ခုချင်း ထည့်ပေးပါ
  • မီးအရမ်း ပြင်းပါက ပဲလေးတွေ မကျက်ဘဲ ဖြစ်တတ်အတွက် မီးအရမ်း မပြင်းစေရန် သတိထားပြီး ကြော်ပေးပါ
  • ထိုနည်းအတိုင်း ဆီအိုးထဲမှာ ဆန့်သလောက် ထည့်ကြော်ပေးပါ
  • တစ်ဖက် ရွှေဝါရောင် သန်းလာပါက နောက်တစ်ဖက်ကို လှန်းပေးကာ ဆက်ကြော်ပေးပါ
  • ပဲကပ်ကြော် တစ်ချပ်လုံး ရွှေဝါရောင်လေး သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားကာ ကျန်နေသော မုန့်ညှက်များ ကုန်တဲ့အထိ ဆက်ကြော်ပေးပါ
  • အားလုံး ကြော်ပြီးတာနဲ့ စိမ့်ပြီးမွှေးနေတဲ့ ပဲကပ်ကြော်လေးတွေကို မိမိတို့ နှစ်သက်သလို စားသုံးရန် အဆင်သင့် ဖြစ်ပါပြီ။

9 comments:

  1. ပဲကပ်ကြော် ရွရွအိအိလေးကို တစ်ဝကြီး ဆွဲသွားပါတယ် အစ်မရေ .. ^_^

    ReplyDelete
    Replies
    1. ဆွဲသွားပါ ညီမရေ

      Delete
  2. thanks for the recipe ama!
    gwan

    ReplyDelete
    Replies
    1. လာလည်တဲ့အတွက်လဲ ကျေးဇူးပါနော်

      Delete
    2. ကြည့်တာနဲ့စားချင်လာပြီ

      Delete
  3. အကြော်တွေဆို အရမ်းကြိုက်တယ် မမမာရေ
    ထမင်းစားရင် အကြော်အကြွပ် တခုခုပါရင် ပိုမြိန်သလိုပဲ
    မမမာကြော်ထားတဲ့ အကြော်ရွရွအိအိလေးတွေ အားရပါးရ စားလိုက်ပြီ အမရေ..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. စားပါ မိုးစက်ဝိုင်ရေ

      Delete
  4. မရေ လိုက်ကြော်စားအုံးမယ် ကျေးဇူးပဲ

    ReplyDelete
    Replies
    1. ကိတ်မုန့်လေးတွေ လှလှလေးတွေဖုတ်တတ်တဲ့ညီမလေးရေ
      ကြော်စားနော် ဒါကအရမ်းလွယ်တယ်
      ကိတ်မုန့်လေးတွေ မခက်ဘူးနော် ^-^

      Delete