Thursday 2 May 2013

ကြက်သားပြား အချိုကြော်







ကြက်သားပြားနဲ့ ဘရော့ကိုလီကို အချိုကြော်ချက် ချက်ထားပါတယ် အရမ်းကို ထမင်းစားမိန်စေတဲ့ ဟင်းပါ စားမိန်ဖွယ်ရာဟင်းမို့ ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  1. ကြက်သားပြား - လေးပြား
  2. ဘရော့ကိုလီ - အခက်သေး ၆ခက်ခန့်
  3. ကြက်သွန်နီ - တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း သွုံးဇွန်း

ပြင်ဆင်ပုံ
  1. အသားပြားကို မိမိနှစ်သက်သလို လှီပေးပါ
  2. ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လေးစိတ်စိတ်ပြီး ခွာထားပါ
  3. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  4. ဘရော့ကိုလီကို ရေဆေးပြီး အခက်သေးတွေရအောင် လှီးထားပါ
  5. ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
  6. ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အရင်ဆုံထည့်ပြီးး မိနစ်ဝက်လောက် ကြော်ပေးပါ
  7. ပြီးတာနဲ့ ဘရော့ကိုလီနှင့်အတူ ပဲငံပြာရည် အရသာမှုန့် နှင့် ဆားတို့ကိုထည့်ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
  8. ဘရော့ကိုလီ အနည်းငယ် နွမ်းလာတာနဲ့ ကြက်သားပြားနှင့်အတူ ရေအနည်းငယ်ထည့်ကာ  ပွက်ပွက်ဆူအောင် တည်ပေးပါ
  9. ရေပွက်ပွက် ဆူလာပါက မီးပိတ်ပြီး အရသာမြည်းပေးကာ လိုသလို ပြင်ပေးပြီး ငရုတ်ကောင်းမှုန့် ဖြူးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။

5 comments:

  1. ဟင်းတွေကလဲ အဆန်းတွေပါလား အစ်မရေ..
    အားတာနဲ့ ချက်စားဖို့ တေးထားတယ် သိလား .. ^_^

    ReplyDelete
  2. လာလည်ပါအစ်မ... ဖိတ်ခေါ်ပါတယ် ...

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် ညီမလေးရေ..စားကြည့်နော်..

      Delete
  3. စားပြီ မမမာ

    ReplyDelete