Thursday 9 May 2013

ကြက်သားကုန်းဘောင် အချိုကြော်


ဒီနေ့ချက်ဖြစ်တဲ့ ကြက်သားကုန်းဘောင်အချိုကြော်လေးပါ အစပ်မစားသူတို့အတွက်အဆင်ပြေစေမဲ့ အချိုကြော်လေးမို့ ချက်ရတာမြန်သလိုစားရတာလဲအရသာရှိပါတယ်။

ကြော်ရချက်ရတာလဲ မြန်တာမို့ ထမင်းဗူးနဲ့ အလုပ်သွားသူတွေအတွက် အဆင်ပြေစွာ စားနိုင်ပြီး ချက်ရလဲမြန်တဲ့ ဟင်းတစ်မယ်ပါ။

ပါဝင်ပစ္စည်းများ

  1. အရိုးဖယ်ပြီး ခပ်သေးသေး လှီးထားသောကြက်ပေါင် - နှစ်ချောင်း
  2. အကွင်းလိုက် လှီးထားသောကြက်သွန်နီ - နှစ်လုံး
  3. မုံလာဥနီ - တစ်ဥ
  4. ခပ်ကြမ်းကြမ်း လှီးထားသောမုန်ညှင်းဖြူ - သုံးဖတ်
  5. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ 
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ငါး ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  10. ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  11. ဆီ - ထမင်းစားဇွန်း ၄ဇွန်း

ပြင်ဆင်ပုံ
  1. ကြက်သားကို ဆား နနွင်းမှုန့်  အရသာမှုန့် ငံပြာရည်တို့နှင့်အတူထဲ့ပြီး အရသာဝင်အောင် နယ်ပေးပါ
  2. ဆီကို ဒယ်အိုးထဲထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ
  3. အပူပေးထားသော ဆီပူပူမှာ အရသာနယ်ထားသော ကြက်သားကို ထည့်ကြော်ပေးပါ
  4. ကြက်သား အသားများ ကျက်သွားအောင် သုံးမိနစ်လောက် ကြော်ပေးပါ
  5. ပြီးတာနဲ့ မုံလာဥနီနှင့်ကြက်သွန်နီတို့ကို ထဲ့ပေးပြီး တစ်မိနစ်လောက် ကြော်ပေးပါ
  6. ပြီးမှ မုန့်ညှင်းဖြူကိုထဲ့ပြီးမိနစ်ဝက်လောက် ထဲ့ကြော်ပေးပါ
  7. နောက်ဆုံးမှ ပဲငံပြာရည်ထဲ့ပြီး မွှေပေးပါ
  8. အားလုံးသမသွားပါက ကြက်သားကုန်းဘောင် အချိုကြော်လေးရပါပြီ။

7 comments:

  1. တေင်ဇလပ်
    ကုန်းဘောင်ကြော် ကိုမကြော်တတ်တဲ့ ကျမအတွက် စမ်းသပ်လိုက်ဦးမယ်။လွယ် လွယ်ရနိုင်တဲ့အရာတွေမို့ ချက်တတ်မယ်ထင်တယ်။ကျေးဇူးပါ မာမာ။

    ReplyDelete
    Replies
    1. ချက်ရတာလဲ အရမ်းလွယ်ပါတယ် ချက်ကြည့်နော်

      Delete
  2. စားချင်စရာလေး အစ်မရေ..
    တော်တော်ကို မအားဖြစ်နေတဲ့ကြားကနေ သုတ်သီးသုတ်ပြာလေး
    အားပေးသွားပါတယ် .. ^_^

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ..

      Delete
  3. ဒီနေ့ ကြော်စားမယ်မမ ။ ကျေးဇူးတင်ပါတယ် ရှင် ။

    ReplyDelete
  4. ကော်ပြန့်ဖတ်လုပ်နည်းလေးပြောပြပါလားးး

    ReplyDelete