Monday 13 May 2013

ဇီးဖြူသီးထောင်း



ဇီးဖြူသီးမထောင်းခင် အလုံးလိုက် ရေစင်အောင်ဆေးပြီး 
မနူးတစ်နူးလေးပြုပ်ပေးပါ

ဇီးဖြူးသီး၁၅လုံးကို ငရုတ်သီးတောင့်သုံးတောင့် 
ပုဇွန်ခြောက် လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးနဲ့ 
ထောင်းပါမယ်

လိုက်ဖက်လွန်းတဲ့ မုံလာပင်ချဉ်ရည်ဟင်း
 ကြက်ဟင်းခါးသီး ကြက်ဟင်းခါးညွန့်ပြုပ်တို့နှင့်
ဇီးးဖြူသီးထောင်းကို ပြင်ပေးနိုင်ပါပြီ

ဇီးဖြူဖန်ခါးဆို ငုံထားချင်သတဲ့ သူ့ရဲ့ စကား ဆိုတဲ့အတိုင်း ဇီးဖြူသီးရဲ့  အရသာကို မာမာအရမ်းဘဲ နှစ်သက်ပါတယ် မစားရတာလဲ ကြာနေပြီမို့လို့ မနေ့က အမေများနေ့သွားရင်း ပန်းခြံထဲမှာ တွေ့တာနဲ့ ကောက်လာပြီး ဒီနေ့တော့ ထောင်းလိုက်ပါတယ် မြန်မာပါးစပ်နဲ့ မြန်မာခံတွင်း အကြိုက်လေးမို့လို့ အားလုံးလဲ နှစ်သက်ကြ မယ်ထင်ပါတယ်။

ဇီးဖြူသီးက မြန်မာနိုင်ငံမှာ ဆိုရင်တော့ အရမ်းပေါပါတယ် သူ့ရာသီချိန်ဆိုရင် မာမာတို့တွေက နေလှန်းပြီး တစ်နှစ်စာ လှောင်တတ်ပါတယ် အခြောက်လှမ်းပြီးသားကို ဝက်သား ကြက်သားတို့နဲ့ ချက်ရင်လဲ စားလို့ အရမ်းကောင်းပါတယ်။

ဇီးဖြူသီးရှိရင် မြွေမလာဘူး ဆိုတဲ့အတွက် အိမ်ခြံတွေထဲမှာ လိုက်ပက်ထားတတ်သလို စပါးရိတ်ချိန်တွေမှာ လယ်ထဲမှာ မြွေအန္တရာယ်ကင်းအောင် ဇီးဖြူများပက်ပြီးမှ စပါးရိတ်သိမ်းတဲ့ အလေ့ အထတွေလဲ ရှိခဲ့ဘူးပါတယ်။

ဒီမှာတော့ ရှားရှားပါးပါး တွေ့ရခဲတဲ့ အသီးမို့လို့ ရလာတဲ့ အသီးလေးတွေကိုပြုပ်ပြီး မာမာထောင်းထားပါတယ် ထောင်းရတာလဲ လွယ်ပါတယ် မာမာကတော့ ကြာကြာထားပြီး စားလို့ရအောင် ကြက်သွန်ဖြူ ထဲ့ပြီး မထောင်းထားပါဘူး ကြက်သွန်ဖြူ  မပါပေမဲ့လဲ အရသာက ပြီးပြည့်စုံလို့ နေပါတယ်။

ပင်ဆင်ပုံ
  1. ပြုပ်ထားသော ဇီးဖြူသီးကို ရေစစ်ပြီး ထက်ခြမ်းခွဲကာ အစေ့ထုတ်ပြီး ဖယ်ပေးပါ။
  2. ငရုတ်သီးစိမ်းကို ရေဆေးပြီး မီးအေးအေးနှင့် မွှေးလာအောင် လှော်ပေးပါ။
  3. ပုဇွန်ခြောက်ကို ရေဆေးပြီး ရေစစ်ထားပါ
  4. ငရုတ်ဆုံထဲမှာ ငရုတ်သီးလှော် ပုဇွန်ခြောက်နှင့်ဇီးဖြူသီးကို ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ထဲ့ပြီး မညက်တစ်ညက် ထောင်းပေးပြီးရင် ရပါပြီ။

5 comments:

  1. ဇီးဖြူသီးထောင်း ကြိုက်တယ် မမမာ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ထမင်းမိန်တယ်နော် မမာတော့ထမင်းထပ်ချက်လိုက်ရတယ် :)

      Delete
  2. အစ်မရေ.. အစ်မတို့ဆီမှာ ဇီးဖြူသီးလဲ ရတယ်နော် .. ကောင်းလိုက်တာ ..
    မနာလိုဘူးတော့ ..
    အဖေက ဇီးဖြူသီး အရမ်းကြိုက်လို့ ရန်ကုန်မှာတုံးက ခဏခဏ ထောင်းစားတယ် .. ^_^

    ReplyDelete
    Replies
    1. အေးနော် မမာက မနာလိုစရာကောင်းလိုက်တာနော်
      သွားလေရာ စားတတ်တဲ့အသီးအနှံရှာတဲ့အကျင့်ဖြစ်နေလို့ပါ ညီမလေးရယ် :)

      Delete
  3. a ma ..next time if u can, please help me post the plant of ဇီးဖြူသီး. I never seen it before :) Coz I live in Sydney. May be i can find it too. Just that I dont know. heehee
    Many thanks.

    ReplyDelete