Tuesday 14 May 2013

ငါးပေါင်း


မာမာ မနေ့ကပေါင်းထားတဲ့ ငါးပေါင်းလေးပါ  မာမာဟင်းချက်ရင် သဘာဝပစ္စည်းတွေနဲ့ ချက်တာများပါတယ် ထွေထွေထူးထူး ဆန်းဆန်းပြားပြားတွေ ထဲ့ပြီးချက်ရင် မာမာ့မိသားစု မကြိုက်သလို မာမာကိုယ်တိုင်လဲ မကြိုက်လို့ပါ။

ငါးပေါင်းလေးကို သံမယိုသီးလေးနဲ့ဘဲ ပေါင်းထားတာမို့ တစ်ခြားအချဉ်တွေ ဘာမှထဲ့ပြီး မသုံးထားတဲ့အတွက် ကျန်းမာရေးနဲ့လဲ ညီညွတ်စေပါတယ် ပေါင်းတဲ့အခါမှာလဲ ပေါင်းအိုးမသုံးဘဲရိုးရိုး အိုးလေးနဲ့ ဘဲပေါင်းပါတယ် ပေါင်းချိန်လေး ကြာတာကလွဲလို့ အရိုးနူးတာအတူတူပါဘဲ ဒါကြောင့်မို့ မာမာ ငါးပေါင်းတဲ့နည်းလေး မျှဝေလိုက်ပါတယ်။


ငါးပေါင်းလေးပေါင်းဖို့ပြင်ပါမယ်

  1. အကြေးခွံဖယ် သန့်ရှင်းပေးကာ အနေတော်ပိုင်းဖြတ်ထားသော ငါး - 500 g 
  2. သံမယိုသီး - နှစ်လုံး(အရည်ဘဲယူပါမယ်)
  3. ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံတို့ကို ငါးထဲသို့ထဲ့ကာ ဆုတ်ဆုတ်ပြီးနယ်ပေးပါ

စပါးလင်ရွက်များကို အိုးအောက်ခြေတွင်ခင်းပေးပါ


စပါးလင်ရွက်ခံထားသော အိုးထဲသို့ အရသာ
နယ်ထားသော ငါးများကို စီထဲ့ပေးပါမယ်

ပထမဆုံးငါးကိုရေမြုပ်အောင်ထဲ့ပြီး
ပြုပ်ပေးပါ ပထမရည်ခမ်းရင်
နောက်ထပ်ရေမြုပ်အောင် ထပ်ထဲ့ပြီး
တည်ပေးပါ  ရေ ငါးခါလောက်ခမ်းရင်ရပါပြီ
လက်ကျန်ရေအနည်းငယ်ချန်ပြီး စပါးလင်ရွက်
များ ဖယ်ပေးကာ မီးခနပိတ်ပေးထားပါ



ငါးပေါင်းထဲထဲ့ဖို့ ပြင်ပါမယ်

  1. လေးစိတ် စိတ်ထားသောခရမ်းချဉ်သီး - 300 g
  2. လေးစိတ် စိတ်ထားသော ကြက်သွန်နီ - 200 g
  3. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း  တဇွန်း
  4. ဆီ - လက်ဖက်ရည်ပန်းကန်လုံး တဝက်
အရင်ဆုံး ဆီပူအောင်တည်ပေးပါ ဆီပူလာပါက
 ကြက်သွန်နီကိုအရင် မိနစ်ဝက်လောက်ထဲ့ပြီး 
ငရုတ်သီးမှုန့်ထဲ့ပြီးဆီသတ်ပေးပါ ငရုတ်သီးနံ့
သင်းလာပါက ခရမ်းချဉ်သီးထဲ့ပြီး မိနစ်ဝက်
လောက်မွှေပေးပါ


ကြက်သွန်နီနှင့် ခရမ်းချဉ်သီးဆီသတ်ပြီးပါက 
ငါးအိုးထဲသို့ပြောင်းပြီးငါးအိုးထဲတွင် 
ကျန်နေသော လက်ကျန်ရေခမ်းပြီး
ဆီပြန်အောင်အောင်တည်ပါ
 အပေါ့အငံအတွက် ဆား လက်ဖက်ရည်ဇွန်း 
တဝက်နှင့်ရသာမှုန့် လက်ဖက်ရည်ဇွန်း
တဝက်မရှိတရှိထဲ့ပေးပါ

ရေခမ်းပြီးဆီပြန်လျှင် ငါးပေါင်းအရိုးနူးလေးရပါပြီ

10 comments:

  1. တိုက်တိုက်ဆိုင်ဆိုင် ငါးပေါင်းလေး စားချင်နေတာ ..
    အစ်မနည်းနဲ့ ကြည့်ပြီး လုပ်ရမယ် ..
    ဘာငါးလဲဆိုတာ ပြောပြပေးဦးနော် အစ်မ .. ^_^

    ReplyDelete
  2. ငါးနံမည်မသိဘူးရယ် ပင်လယ်ငါးလို့ဘဲရေးထားတယ်
    စားလို့တော့တော်တော်ကောင်းတယ်
    ငါးသလောက်ထက်စားကောင်းတယ်..

    ReplyDelete
  3. TT yay, sarr chin nay tar kyar p... ngar paung lite tine a kone kyay kone lo htet ma try yae tot bu phyit nay tar... TT nee lay nae htet try lite own mal :) thank u

    ReplyDelete
    Replies
    1. ငါးပေါင်းထားရင် မမွှေနဲ့နော် မွှေရင်တော့ကျေနိုင်မယ်ထင်တယ် ရေခမ်းကာနီးရင်ရေထပ်ထပ်ဖြည့်ပေးရုံပါဘဲ မမွှေနဲ့နော်

      Delete
  4. မမမာရေ ငါးပေါင်းစားချင်နေတာ မမမာနည်းလေးအတိုင်းပေါင်းဦးမယ်
    ဒီတခါတော့ မမမာ ပြောသလို မမွှေပဲ ထားကြည့်မယ်.း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. အဆင်ပြေပါစေ မိုးစက်ဝိုင်ရေ

      Delete
  5. အစ်မရေ ... ငါးပေါင်းလေး စမ်းစားကြည့်ပြီးပြီး။ gas နဲ့တည်ရတာဆိုတော့ အရိုးနူးတဲ့အထိတော့မပေါင်းလိုက်ဘူး။ ဒါပေမယ့် အရသာကတော့ တအားစားကောင်းတယ်။ ချက်ရလွယ်ပြီး စားကောင်းတာမို့ ခဏခဏ ချက်စားဖြစ်မှာပါ။ ချက်နည်းအတွက် ကျေးဇူးတင်ပါတယ် အစ်မရေ။

    ReplyDelete
    Replies
    1. အဲဒီလိုလေး ကြားရလို့ အရမ်းပျော်ပါတယ်
      ဟုတ်တာပေါ့နော် Gass နဲ့ဆိုတော့ အများကြီးကုန်မှာပေါ့
      အရိုးမနူးလဲ စားလို့ကောင်းတယ်ဆိုလို့ ပျော်နေမိပါတယ်။

      Delete
  6. မမရေ...ဒီတစ်ပါတ်ရုံးပိတ်ရင်ကျရင်....ငါးပေါင်းလေးလုပ်စားအုံးမယ်..မမပြောတဲ့နည်းအတိုင်းပေါ့...ငါးကြင်းဆိုရမလားမသိဘူးနော်...ကျေးဇူးပါနော်..မမ.........လမင်းဖြူ....

    ReplyDelete
    Replies
    1. ငါးကြင်းက ပိုပြီးကောင်းပါတယ် ညီမလေးရေ.

      Delete