ကြက်သားပြားနဲ့ ဘရော့ကိုလီကို အချိုကြော်ချက် ချက်ထားပါတယ် အရမ်းကို ထမင်းစားမိန်စေတဲ့ ဟင်းပါ စားမိန်ဖွယ်ရာဟင်းမို့ ချက်စားနိုင်အောင် ချက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကြက်သားပြား - လေးပြား
 - ဘရော့ကိုလီ - အခက်သေး ၆ခက်ခန့်
 - ကြက်သွန်နီ - တစ်ဥ
 - ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
 - ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
 - အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
 - ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
 - ပဲငံပြာရည် အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
 - နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
 - ဆီ - ထမင်းစားဇွန်း သွုံးဇွန်း
 
ပြင်ဆင်ပုံ
- အသားပြားကို မိမိနှစ်သက်သလို လှီပေးပါ
 - ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ အဖတ်လေးတွေ ရလာအောင် လေးစိတ်စိတ်ပြီး ခွာထားပါ
 - ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
 - ဘရော့ကိုလီကို ရေဆေးပြီး အခက်သေးတွေရအောင် လှီးထားပါ
 - ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ကိုထည့်ပြီး အပူပေးပါ
 - ဆီပူလာတာနဲ့ ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အရင်ဆုံထည့်ပြီးး မိနစ်ဝက်လောက် ကြော်ပေးပါ
 - ပြီးတာနဲ့ ဘရော့ကိုလီနှင့်အတူ ပဲငံပြာရည် အရသာမှုန့် နှင့် ဆားတို့ကိုထည့်ပြီး မိနစ်ဝက်လောက် ကြော်ပေးပါ
 - ဘရော့ကိုလီ အနည်းငယ် နွမ်းလာတာနဲ့ ကြက်သားပြားနှင့်အတူ ရေအနည်းငယ်ထည့်ကာ ပွက်ပွက်ဆူအောင် တည်ပေးပါ
 - ရေပွက်ပွက် ဆူလာပါက မီးပိတ်ပြီး အရသာမြည်းပေးကာ လိုသလို ပြင်ပေးပြီး ငရုတ်ကောင်းမှုန့် ဖြူးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
 





ဟင်းတွေကလဲ အဆန်းတွေပါလား အစ်မရေ..
ReplyDeleteအားတာနဲ့ ချက်စားဖို့ တေးထားတယ် သိလား .. ^_^
လာလည်ပါအစ်မ... ဖိတ်ခေါ်ပါတယ် ...
ReplyDeleteစားလို့ကောင်းတယ် ညီမလေးရေ..စားကြည့်နော်..
Deleteစားပြီ မမမာ
ReplyDeleteစားနော် စု
Delete