Tuesday 25 September 2012

ဗူးညွန့်ဟင်းခါး


မာမာ ဒီနေ့တော့ ထမင်းစားလို့ မြိန်စေမဲ့ ဗူးညွန့်ဟင်းခါးလေး ချက်ထားပါတယ် မာမာ့အိမ်မှာ စိုက်ထားတာ တစ်ပင်ထဲသော ဗူးပင်လေးကနေ ခူးပြီးချက်ထားတဲ့ ခြံထွက်အော်ဂဲနစ် စစ်စစ်လေးမို့လို့  ချက်နည်းလေးကို မျှဝေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အကြောသင်ထားသော ဗူးညွန့် - အနေတော်ဇကာ တစ်လုံး
  2. ပုဇွန်ခြောက် - ဆယ်ကောင်
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာေ
  4. ညက်နေအောင် ထောင်းထားသော ငရုတ်ကောင်း - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ
  6. ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

တစ်ပင်ထဲသောဗူးပင်လေးကအညွန့်လေးတွေပါ

ကြက်သွန်ဖြူနှင့်ဗူးညွန့်ကိုအကြောထွင်ပြီး
ရေစင်အောင်ဆေးပေးထားပါ

ပုဇွန်ခြောက်ကိုထောင်းပြီး ရေ တရုတ်ဟင်းရည်သောက်
ပန်းကန်တလုံးခွဲစာလောက်နှင့် ဆူအောင်တည်ပေးပါ
 ရေဆူလာပြီး ငါးမိနစ်လောက်မှာ ဆား အရသာမှုန့် 
ဗူးညွန့်များနှင့်ကြက်သွန်ုဖြူ
ငရုတ်ကောင်းထောင်းကိုထဲ့ပြီး တစ်မိနစ်လောက်ဆူပါစေ
ဗူးညွန့်ဟင်းခါးစိမ်းစိမ်းလေးရအောင် ဟင်းရည်အိုးကို
အဖုံးမအုပ်ဘဲထားပြီး မီးဖိုပေါ်မှချပေးကာ စားပွဲပြင်ပေးပါ

18 comments:

  1. အခု ကျွန်မတို့ဆီမှာ အေးစပြုလာပြီ.. အစ်မရဲ့ ဟင်းလေးတွေ ကြည့်ပြီး နွေးသွားတာဘဲ.. ကြိုက်တယ်.. သောက်ချင်တယ်.. ^_^

    ReplyDelete
    Replies
    1. ရာသီဥတုအေးလာရင်တော့ ဟင်းခါးပူပူလေးနဲ့အလိုက်ဘဲနော်

      Delete
  2. ကောင်းလိုက်မယ့်ဖြစ်ချင်းးးးးးးးး
    လွမ်းလိုက်တာ အညာကို
    အညာမှာ လယ်ကွင်းတွေထဲဖြတ် ..စိုက်ခင်မှန်သမျှ အမျိုးတွေကြည်ပဲ
    ဘူးသီး ဘူးချဉ် ပုဆိုးကွင်းသိုင်းပြီးခူး
    ပုဇွန်ငပိလေးနဲ့ နံနံပင်နန်းခြင်းနဲ့ ဟင်းချိုလေးချက်သောက်
    ငါဇင်ရိုင်းအိုးကပ်လေးနဲ့ဆို လိုက်မှ လိုက် :PPP

    ReplyDelete
    Replies
    1. ငါ့တူမလေး တော်တော်အကောင်းကြိုက်ချက်အေ
      အခုအဲဒါတွေမပေါများတဲ့အရပ်မှရောက်နေလို့ တူမလေးကို သနားချက်တော့ :D :D

      Delete
  3. စားချင်တယ် စားချင်တယ် စားချင်တယ် ...

    ReplyDelete
  4. မမမာအပင်လေးတွေကောင်းလိုက်တာ လတ်လတ်ဆတ်ဆတ်စားရတာပေါ့သီတာလည်းအပင်စိုက်တာဝါသနာပါတယ်

    ReplyDelete
    Replies
    1. ဝယ်စားရတာထက် အိမ်မှာစိုက်ပြီးစားရတာ ပိုပြီးကောင်းသလိုဘဲနော်

      Delete
  5. ခြံထွက်လတ်လတ်ဆတ်ဆတ်လေးစားချင်တယ်

    ReplyDelete
  6. I like all
    (ပုဇွန်အချိုကြော် ချဉ်ပေါင်ကြော်စပ်စပ်လေး ဗူးညွန့်ဟင်းခါးလေး)

    ReplyDelete
    Replies
    1. ထမင်းအရမ်းမိန်တဲ့ဟင်းလေးတွေနော် :)

      Delete
  7. သုံးမျိုးလုံး အရမ်းကြိုက်တယ် မမာ.. သိပ်လည်းလိုက်ဖက်တယ် :D

    ReplyDelete
    Replies
    1. စူးနွးယ်လေးရေ
      ထမင်းအရမ်းမိန်တဲ့ဟင်းတွဲလေးပေါ့နော်

      Delete
  8. မမမာ ရေ ..ဗိုက်ဆာသွားပြီ...

    ReplyDelete
    Replies
    1. စားပါနော် ချိုရေ

      Delete
  9. အန်တီလေးမေခင်25 September 2012 at 23:14

    မာမာရေ၊ပုဇွန်ဟင်း၊ချင်ပေါင်အစပ်ကျော်။ဗူးညွှန်.ဟင်းခါးလေး
    ထမင်းမိန်တဲ.စေတဲ.ဟင်းလေးတွေအားပေးသွားပြီကွယ်။
    အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
    Replies
    1. အန်တီလေးမေခင် ရေ
      ဟင်းလေးတွေကိုအားပေးသွားလို့ကျေးဇူးအများကြီးတင်ပါတယ်။
      ခင်မင်စွာဖြင့်
      မာမာ

      Delete