မာမာဒီနေ့တော့ ဝက်လက်လေးတွေကို စွပ်ပြုပ်ပြုပ်ပါတယ် သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ပြုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဝက်လက် - တစ်ကီလို
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- နာနတ်ပွင့် - တစ်ပွင့်
- ခရုဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အနောက် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - အနည်းငယ်
- နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်သွန်မိတ် - သုံးပင်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ
- ချင်း - ခပ်ပါးပါး သုံးပြား
ချက်ပြုပ်ပြင်ဆင်ပုံ
- ဝက်လက်ကို အတုံးကြီးကြီး တုံးပေးပါ
- အမွှေးအမျှင်များ သေသေချာချာ သန့်စင်ရေဆေးကာ ရေစစ်ထားပါ
- ပြီးတာနဲ့ ဝက်လက်များကို ဆား ငရုတ်ကောင်း ပဲငံပြာရည်အနောက်တို့ ထည့်နယ်ပေးပါ
- ကြက်သွန်ဖြူနှင့် ချင်းကို အခွံခွာပြီး ရေဆေးကာ ဓားပြားရိုက်ထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ဒယ်အိုးထဲမှာ သကြားထည့်ပြီး သကြားများ ညိုရောင်သန်းလာတဲ့အထိ လှော်ပေးပါ
- သကြားများ ညိုလာတာနဲ့ အရသာ နယ်ထားသော ဝက်လက်များ ထည့်ပြီး သုံးမိနစ်ခန့် မွှေပေးပါ
- ပြီးတာနဲ့ လှော်ထားသော ဝက်လက်များကို Pressure Cooker အိုးထဲသို့ ပြောင်းထည့်ပေးပါ
- Pressure Cooker အိုးထဲမှာ ဝက်လက်များနှင့်အတူ ကြက်သွန်ဖြူ ချင်း ခရုဆီ နာနတ်ပွင့်တို့ ထည့်ပြီး ဆူအောင်တည်ပေးပါ
- ရေပွက်ပွက် ဆူလာပါက မိနစ်ငါးဆယ်ခန့် တည်ပေးပါ
- ဝက်လက်မှာ ကပ်နေတဲ့ အသားများ နူးလာပါက အရသာ မြည်းပေးပါ
- မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး မီးပိတ်ပေးပါ
- စွပ်ပြုပ်ပြင်ဆင်မည့် ပန်းကန်ထဲမှာ ဝက်လက်နှင့် စွပ်ပြုပ် အရည်ထည့်ပြီး ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ် ထည့်ပေးကာ ဝက်လက်စွပ်ပြုပ် ပူပူလေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment