Wednesday 6 March 2024

ကိုက်လံကြော်

 


ဒီနေ့တော့ ကိုက်လံ လေးတွေ ဝယ်လာပြီး သတ်သတ်လွတ် အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကိုက်လံ - လေးပင်ခန့်
  2. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း
  3. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  4. ပဲငံပြာရည်အကြည် - ထမက်းစားဇွန်း နှစ်ဇွန်း
  5. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  9. ကြက်သွန်နီ - အနေတော် တစ်လုံး
  10. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သွန်ဖြူ ဆီသတ်ရန်)
  11. ရေ - ကိုက်လံ ပြုပ်ရန် လိုသလောက် သုံးပေးပါ
  12. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းခွဲ (ကိုက်လံ ပြုပ်ရန်)
  13. ဆီ - ထမင်းစားဇွန်း တစ်ဇွန်း (ကိုက်လံ ပြုပ်ရန်)
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကိုက်လံကို ရင့်သောနေရာမှ အကြောများ သင်ပေးကာ အပင်လိုက် ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ပဲငံပြာရည်အပျစ် ပဲငံပြာရည်အကြည် ခရုဆီ နှမ်းဆီ အရသာမှုန့်နှင့် ရေတို့ကိုထည့်ပြီး သမအောင် မွှေထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့  ဇောက်နက်သော အနေတော် အိုးထဲမှာ ရေ ဆားနှင့်ဆီတို့ထည့်ကာ ပွက်ပွက်ဆူအောက် တည်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ ကိုက်လံများကို တစ်မိနစ်ခွဲလောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ပြုပ်ထားတဲ့ ရေများကို သွန်ပေးပြီး ရေအေးနှင့် သုံထပ်လောက် ဆေးပေးကာ ရေစစ်ထားပါ
  • ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်ဖြူ အနည်းငယ် နူးလာတာနဲ့ အရသာ စပ်ထားသော အရည်များကို ထည့်မွှေပေးပါ
  • အရသာ အရည်များ ပွက်ပွက်ဆူလာတာနဲ့ မီးပိတ်ပေးကာ ရေစစ်ထားသော ကိုက်လံများကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့  ချက်ချင်းဘဲ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက ကိုက်လံ ကြော်နှပ် ပူပူလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment