တစ်ပါတ်တစ်ရက် သတ်သတ်လွတ်စားတဲ့ ရက်တွေမှာ သတ်သတ်လွတ်အတွက် အကောင်းဆုံး ပဲတစ်မျိုးမျိုးကို ရွေးချယ်တတ်ပါတယ်။
ဒီနေ့တော့ white beans ပဲကိုရေစိမ်ပြီး အခွံခွာကာ ပဲနှပ်လေး လုပ်ထားပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်သလို ဒီအတိုင်းစားရင်လဲ စိမ့်ပြီးကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်လေးးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပဲပြုပ်ရန် ပါဝင်ပစ္စည်းများ
- White Beans - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ရေ - လိုသလောက် သုံးပေးပါ
ပြင်ဆင်ပုံ
- ဇလုံ ခပ်ကြီးကြီး တစ်လုံးထဲမှာ ပဲကိုထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
- ပြီးတာနဲ့ ပဲများအားလုံး မြေုပ်အောင်ထည့်ပြီး တစ်ညသိပ်လောက် ရေစိမ်ပေးပါ
- နောက်နေ့မနက် ရောက်တာနဲ့ ရေစိမ်ထားသော ပဲများပွလာတာနဲ့ တစ်စေ့ချင်း အခွံချွတ်ပေးပါ
- အခွံအားလုံး ချွတ်ပြီးတာနဲ့ ဇောက်နက်သော အိုးထဲမှာ ထည့်ပေးပါ
- ပြီးတာနဲ့ နနွင်းမှုန့်ထည့်ကာ ပဲများကို ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ပထမတစ်ရည်ခမ်းပြီး ပဲမနူးသေးပါက ရေထပ်ထည့်ပြီး ပဲများနူးတဲ့အထိ ပြုပ်ပေးပါ
- ပဲများ နူးလာတာနဲ့ မီးပိတ်ပေးပါ။
ပဲနှပ်ရန် ပါဝင်ပစ္စည်းများ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာမညက်တစ်ညက် ထောင်းပေးပါ
- ဒယ်အိုးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီးအပူပေးပါ
- ဆီပူလာတာနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
- ကြက်သွ န်ကြော်များ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ပေးပါ
- ဆီအိုးထဲမှ ာဆီအနည်းငယ် ချန်ထားပြီး ထိုဆီထဲမှာ ပဲပြုပ်ကို ထည့်မွှေပေးပါ
- ပဲပြုပ်နှင့်ဆီတို့ သမသွားတာနဲ့ အရသာမှုန့်ထည့်ပြီး မွှေပေးပါ
- အရသာ သမသွားတာနဲ့ အရသာ မြည်းကြည့်ကာ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ပဲများအပေါ်မှ ကြက်သွန်ဖြူကြော်ဖြူးကာ ပဲနှပ် စိမ့်စိမ့်လေးကို သုံးဆောင်ရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment