မာမာ ဒီနေ့တော့ ခရမ်းကစော့သီးလေးတွေ ၀ယ်လာပြီး ခပ်စပ်စပ် ငပိချက်လေး ချက်လိုက်ပါတယ်။ဒါကြောင့်မို့လို့ ထမင်းပူပူနဲ့ နယ်ဖတ်ပြီး စားရတာ လိုက်ဖက်လွန်းတဲ့ ခရမ်းကစေ့သီး ငပိချက် ချက်နည်းလေးကို မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ခရမ်းကစော့သီး - မိမိနှစ်သက်သလောက်
- က ကတစ်ငါး - အနေတော် တစ်ကောင်
- နနွင်းမှုန့် - အနည်းငယ်
- ကြက်သွန်နီ - ဥကြီးကြီး တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- ငရုတ်သီး အစိမ်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်းမောက်မောက်
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- မျှင်ငပိ - ထမင်းစားဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
- ခရမ်းကစော့သီးများကို အညှာခြွေပေးပြီး ရေစင်အောင်ဆေးကာ ရေစစ်ထားပါ
- ကြက်သွန်နီနှင့်ကြက်သွန်ဖြူတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးစိမ်းနှင့် ငရုတ်သီး အစိမ်းမှုန့်တို့ကို ရောပြီးထောင်းထားပါ
- ငါးကို မလိုတာတွေ ဖယ်ပေးကာ ရေစင်အောင်ဆေးပြီး ကျက်တဲ့အထိ ကင်ပေးကာ အရိုးထွင်ထားပါ
- အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပြီး ပူအောင် တည်ပေးပါ
- ဆီပူလာတာနဲ့ မျှင်ငပိ ကြက်သွန်ဖြူ ကြက်သွန်နီ ငရုတ်သီးထောင်း ဆားနှင့် အရသာမှုန့်တို့ကို ထည့်မွှေပေးပါ
- ဆီသတ်နံ့လေး မွှေးလာတော့မှ အရိုးထွင်ထားသော ငါးအသားများကို ထည့်မွှေပေးပါ
- ပြီးတာနဲ့ ရေမမြုပ် တမြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးကာ ဟင်းအိုးမကပ်စေရန် မမွှေဘဲ လှုပ်လှုပ်ပေးပါ
- ရေ မခမ်းခင် အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားလေး ရလာအောင် တည်ပေးပါ
- ပြီးတော့မှ ခရမ်းကစော့သီးများကို ထည့်မွှေပေးကာ မီးပိတ်ပေးပါ
- ခရမ်းကစော့သီးများကိ အရမ်းနူးအောင် မထားဘဲ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် လိုသလို ပြင်ပေးပါ
- ပြီးတာနဲ့ ခရမ်းကစော့သီး ငပိချက် စပ်စပ်လေးကို သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment