ဟင်းချက်ရမှာ အချိန်မရတဲ့နေ့တို့ လူကနေမကောင်းချင်လို့ မီးဖိုထဲ ဝင်ရမှာ ပျင်းတဲ့နေ့တို့ဆိုရင် ဟင်းတစ်မယ်ထဲနဲ့ အဆင်ပြေစေမဲ့ အသီးအရွက်တွေရယ် အသားတစ်မျိုးမျိုးနဲ့ ရောပြီး အစိမ်းကြော် ကြော်လေ့ရှိပါတယ်။
အစိမ်းကြော်မှာပါတဲ့ အရသာ စပ်ထားတဲ့ ဆော့စ်ရည်က အရမ်းစားလို့ ကောင်းလွန်းတဲ့အတွက် စားမြိန်ဟင်းလေး တစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်သား - 200 g
- ကြက်သွန်နီ - အနေတော် တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
- မုံလာဥနီ - အနေတော် တစ်ဥ
- ဂေါ်ဖီ - အနေတော် တစ်စိတ်
- ပန်းဂေါ်ဖီ - အနေတော် ၃ခက်
- ပဲတောင့်ရှည် - ၁၅တောင့်
- တရုတ်နံနံ - အခက်ကြီးကြီး သုံးခက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း ၂ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၅ဇွန်း
အရသာစပ်ရန်
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည် အနောက်- ထမင်းစားဇွန်း တစ်ဇွန်း
- ရေ - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးခွဲစာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (အထက်ပါ ပါဝင်ပစ္စည်း အားလုံးကိုရောပြီး အရသာ အရည်အဖြစ် စပ်ထားပါ)
ပြင်ဆင်ပုံ
- ကြက်သားကို ရေစင်အောင်ဆေးပြီး နုတ်နုတ်စင်း ထားပေးပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ လေးစိတ်ခွဲပြီး အလွှာတွေရအောင် ခွာထုတ်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
- ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော် အခက်လေးတွေ လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ အတုံးလေးတွေ လှီးထားပါ
- ဂေါ်ဖီကို ရေစင်အောင်ဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
- ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် လှီးထားပါ
- တရုတ်နံနံကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် ကြက်သွန်ဖြူကို မွှေးလာရုံလေး ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ နုတ်နုတ်စင်းထားတဲ့ ကြက်သားကို အရင်ဆုံး ထည့်ေ ကြာ်ပေးပါ
- ကြက်သားကျက်သွားပါက ကျန်နေသော အသီးအရွက်များနှင့် ကြက်သွန်နီတို့ကို ထည့်မွှေပေးပါ
- အသီးအရွက်များ အနည်းငယ် နွမ်းသွားပါက အရသာ စပ်ထားသော အချိုရည်ကို လောင်းထည့်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
- အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
- အသီးအရွက်ကြော်များ အရသာ သမလောက်ပြီ ဆိုတာနဲ့ တရုတ်နံနံထဲ့ပေးပြီး အရသာမြည်းပြီကား လိုသလို ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ ပန်းကန်ထဲပြောင်းထဲ့ပေးပါ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားစင်းကော အစိမ်းကြော်လေး ရပါပြီ။
No comments:
Post a Comment